Surprise Extra😘

9.6K 706 40
                                    

"ကိုကို ....ကိုကို!...ကိုကိုရေ
ထ!....ထတော့ဆို!!"

Kyungsoo အိပ်ပုတ်ကြီးနေတဲ့ကိုကို့ကို ဒီလောက်အော်နှိုးနေတာတောင်
ဒီကိုကိုဟာ တုတ်တုတ်မျှမလှုပ်

"ကိုကို!!!ထတော့ဆိုနေ!...ဟာ..အင့်!"
အိပ်နေရင်းက နှိုးနေတဲ့Kyungsooလက်ကို ဆွဲချလိုက်တာများ
သူ့ရင်ဘတ်မာမာကြီးပေါ် ပြုတ်ကျတာ
Kyungsooမှာ အင့်ခနဲကိုနေတာပဲ

နိုးနေတာကို><

"ကိုကို ပြောတော့ အရေးကြီးတဲ့အစည်းအဝေးရှိလို့ နှိုးဆို
အခုကျနိုးနေတာတောင်မထဘူး "

"အင်း..."

ကြည့်ဦး အင်းတစ်လုံးပဲ ပြန်ပြောပြီး Kyungsooကိုဖက်ထားပြီး မျက်လုံးကြီးမှိတ်လို့

"တော်ပြီ...ထချင်ထ မထလည်းနေတော့ အခုဘေဘီ့ကိုလွှတ်တော့ နောက်လည်း လာမနှိုးခိုင်းနဲ့ "

"ငြိုငြင်တာလားဘေဘီက ပြောတော့ ချစ်တယ်ဆို"

ဟောာ...ဒါလေးပဲပြောရသေးတယ် မျက်လုံးကချက်ချင်းပွင့်လာပြီး မျက်မှောင်ကြီးကျုတ်ကာ ရစ်ပါလေရော

ဒီကိုကိုနဲ့တော့လေ မှားတယ် ပြောမိတဲ့Kyungsooမှားတယ်

"ဟီးး ကိုကို့ကိုချစ်တာပေါ့ "

"မချစ်ပါဘူး"

"ချစ်တယ်ဆို"

"မချစ်ပါဘူး "

"ဟာာ ကိုကို! တကယ်ချစ်တာပါဆိုနေ !"

"တွေ့လား ကိုကို့လောက် ဘေဘီက ပြန်မချစ်နိုင်ပါဘူး
အခုတောင် စိတ်မရှည်တော့ဘူး မဟုတ်လား"

အမလေး Do Kyungsooရေ
အငယ်မို့လို့ ကိုယ်က စိတ်ကောက်ရမလားမှတ်တယ်
သူ့စိတ်ချည်းပဲ

"ပြွတ်စ်.."

"ဟာ ဒါကချော့တာလား ခဏလေးကို ဘာလုပ်လိုက်မှန်းတောင်မသိလိုက်ဘူးရယ် "

Kyungsooကတော့လေ
အဲ့ အကျင့်မကောင်းတဲ့ကိုကို့ကို ထုရိုက်ပစ်ချင်တော့တာပဲ

Kyungsooကတော့ နမ်းပြီးရှက်လို့ မျက်နှာကြီးတောင်နီနေလောက်ပြီကို သူက ဘာလုပ်လိုက်မှန်းမသိလိုက်ဘူး ဆိုပဲ

"ကဲကဲ ကိုကိုသင်ပေးမယ်"

ပြောပြီး သူ့အပေါ်က Kyungsooကို အောက်ကိုလှဲချပြီး
နမ်းလိုက်တာများ
အသက်တောင်မနည်းရှုရတယ်

AGONYWhere stories live. Discover now