❤Love❤

6.7K 221 6
                                    

Fany ကလှမ်းဆွဲချပြီး Tae ကိုပြန်နမ်းနေသည် ၊ ပြီးတော့ Tae လက်ကိုသူ့ ရင်ဘတ်ပေါ်တင်လိုက်ပြီး လက်တစ်ဖက်နဲ့ ကြယ်သီးများကိုဖြုတ်နေသည်....

"Tae......နင်လိုအပ်တာ အကုန်ငါ့ဆီက ယူနိုင်တယ်"

Taeyeon မှားမှန်းကိုယ့်ဟာကို သိလိုက်ပြီ
ကိုယ့်ကို ကြင်နာတဲ့သူအပေါ် အခွင့်ကောင်းယူမိတော့မလို့

Tae သူ့ကိုချစ်တာ ကိုယ့်ဟာကိုသိပေမဲ့ ဒီအချိန်ဒီနေရာမှာ အခုလိုFany အပေါ်လုံးဝမလုပ်သင့်၊
သူ့ အပေါ်မလေးစာရာရောက်တာကိုရုတ်တရက် Tae မတွေးမိခဲ့ ၊

နာကြင်နေတဲ့မိမိကို နွေးထွေးစွာ ထွေးပွေ့ပေးလာတဲ့သူမ.......
Tae ဘဝမှာ သူက ပထမဆုံးနဲ့နောက်ဆုံးအချစ်ဘြဲဖစ်စေရတော့မည်။

Tae ချက်ချင်းပြန်ခွာလိုက်ပြီး သူ့ကြယ်သီးများကို ပြန်ဆုပ်ကိုင်ပေးကာ Fany ကိုရင်ခွင်ထဲထည့်ပြီး ငိုရင်းက'ငါတောင်းပန်ပါတယ် ၊ ငါမှားတာပါ Fany ရယ်၊ ငါနင့်ကို ချစ်တယ်၊ ငါချစ်တာ ဒီလို လုပ်ဖို့ မဟုတ်ပါဘူး၊

'ခုကမရည်ရွယ်ဘြဲဖစ်တာပါ'mian mian mian Fany, jinja miane Fany ငါစိတ်လွတ်နေလို့ပါ'

သူလည်း Tae ရင်ခွင်ထဲမှာ ငိုရင်းခေါင်းမော့ကာ
'မသိဘူးလေ ဘာဖြစ်နေမှန်းမှ မသိတာ'

Fany တစ်ယောက် မိမိချစ်ရသူဆီက မမျှော်လင့်တဲ့အခြေအနေမှာ ကိုယ်ကြားချင်နေတဲ့စကားကို ကြားလိုက်ရလို့ ပျော်ရွှင်မိသည်

တအောင့်ကြာလို့ Fany ရော ၊ Tae ရော တည်ငြိမ်လာပြီဆိုမှ
Tae ရင်ခွင်ထဲမှ Fany ထွက်လိုက်ပြီး

Fany-Tae နင်စောနကပြောတာလေ.....ငါ့ကိုချစ်တယ်ဆိုတာ
နင်လည်းငါ့ကို ချစ်တယ်ပေါ့

Tae- (ရှက်ရှက်နှင့်)အင်း.....

Tae-နင်ကရော ငါ့ကို...ငါ့ကို.....အင်း...ဟိုဟာလေ....(စကားကတော်တော်နှင့် မရောက်)

Fany-(သူကတော်တော်နှင့်ပြောမှာ မဟုတ်) "ငါလည်းနင့်ကို အရမ်းချစ်တယ် Tae " ချစ်လို့ဘဲ ငါဒီလို လုပ်တာလေ

ငိုရင်း ဒါပေမဲ့ နင်ကခုလိုလုပ်တော့ ငါလန့်သွားတာပေါ့လို့Tae ပေါင်ကိုဖွဖွထုရင်း ပြောလိုက်၏.
.
.
အချိန်တွေက ကုန်လာသည် ကောင်မလေးနှစ်ယောက်နံရံကိုကျောမှီကာထိုင်ရင်းပြုံးစိစိနဲ့ ဘာမှလည်းမပြော တစ်ယောက်လက်ကို တစ်ယောက်ကိုင်ရင်း မျက်နှာကြည့်လိုက်ရယ်လိုက်သာလုပ်နေ၏

Invisible Fated Love of TaenyWhere stories live. Discover now