❤ Love ❤

6.2K 219 2
                                    


ငါ့နှလုံးသားကို နင်ခိုးသွားပြီ
ငါ့နှလုံးသားနေရာမှာ နင်ကအစားဝင်သွားပြီ
နင်ပြန်ပေးရင်တောင် ငါ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးက လက်မခံတော့ဘူး
နင်ကလွဲရင်ငါ့ရင်ဘတ်တစ်ခုလုံးက ဘာကိုမှလက်သင့်မခံနိုင်အောင်ငါနင့်ကို ချစ်မိသွားပြီ

Fany ကြောင်ကြည့်နေသည်။ သူ့ခံစားချက်တွေကို နှလုံးသားနေရာပေါ်တင်ကာ ပြောပြနေတဲ့သူမ.......

Fany သူ့စကားလည်းဆုံးရော.....ခေါင်းကလေးစောင်းကာ သူ့ရဲ့နှုတ်ခမ်းများကို ထိကပ်ထားလိုက်သည်။
တဏှာမပါ သောအနူးညံ့ဆုံးသော အနမ်းများ....
ငှက်ကလေးများက လေဟုန်မှာပျံရင်း Fany တို့ကို ကောင်းချီးပေးသလို တီတီတာတာအော်မည်သွားကြသည်။
.
.
ထိရုံလေးကပ်ထားသောနှုတ်ခမ်းများကို ဘယ်လောက်ကြာကြာကပ်ထားမိလဲမသိ

အမှောင်ဝင်လာတော့မှ Tae က -!နင်ခြင်မကိုက်ဖူးလား!

Fany-ပြန်ခွာလိုက်ပြီး....လက်သီးစုပ်နဲ.ရင်အုပ်ကျဉ်းကျဉ်းလေးကိုထုကာ....ငါထုရင်တော့နော်.....

Mola Kim Taeyeon aparbu....သမီးရည်းစားနမ်းနေတာ အဲ့လိုပြောပြီး feel ပျက်အောင်လုပ်ရလား

ငါမို့လို့သာပေါ့နော်...ဟင်းဟင်း.......ပြောလည်းပြော ထပ်လည်းထုရင်း....စိတ်ဆိုးလေပြီ

ရှေ့ကနေမျက်နှာကြီးရဲပြီးထွက်သွားတဲ့ Fany ကိုကြည့်ရင်း...ငါတကယ်ခြင်ကိုက်တာမခံနိုင်တော့လို့ပြောတာကို..?
အဲ့လိုမပြောရဘူးလား?
မသိဘူးလေ, Arshhh ချော့ရအုံးမယ်

သူ့နောက်ကို အမှီပြေးရင်း....
အား...စက်ဘီးယူရအုံးမယ်

.
.
အိမ်လေးထဲဝင်သွားတဲ့သူနောက်ကနေ ပြေးလိုက်ရင်း
အိမ်ဝနားရောက်တော့ လက်ကိုဆွဲလှည့်တော့ ငိုတော့မည့်သူမ
Tae's mind -ဟယ် ငါစတာလွန်သွားပြီ
Fany ကိုလက်ဆွဲပေမဲ့မခံ အတင်းရုန်းနေတာနဲ့
Tae အတင်ဆွဲဖက်လိုက်ပြီးရင်ထဲတင်းတင်းကျပ်ကျပ်ဖက်ထားကာ
(DOTS ထဲက you are my everything)
ကို Tae ညဉ်းရုံလေးညဉ်းသလို ဆိုနေလိုက်သည်။
သူအစကရုန်းပေမဲ့နောက်တော့ မရုန်းဘဲနားထောင်နေသည်။
Mian Fany ငါကနင့်ရှေ့မှာဆို ဘာလို့တုံးသွားမှန်းမသိဘူး။ ငါက နင့်ကို ပြောသမျှက....
Fany ချက်ချင်းTae ပါးစပ်က လက်နဲ့ အုပ်ကာပိတ်လိုက်ပြီး ၊ရတယ် ငါကိုက ခံစားလွယ်နေတာ
စိတ်ဆိုးစရာမပါမှန်းငါသိတယ်
Fany မျက်နှာကိုTae ပုခုံးပေါ်ပြန်အပ်ရင်း ခါးကိုလည်းခက်နှစ်ဖက်နဲ့ ဖက်ထားသည်။

Invisible Fated Love of TaenyWhere stories live. Discover now