Only 5 Words

3.9K 516 16
                                    

"ဘယ်​လိုရယ်​?ငြင်းချက်​ မထုတ်​ချင်​​သေးဘူး..သူက​လေ??"

မယုံကြည်​ဟန်​ အပြည့်​နဲ့ ​မေးလိုက်​တဲ့ ကျွန်​​တော့်​အ​မေး​ကြောင့်​ Manager.Gimက ​ခေါင်းတစ်​ချက်​ငြိမ့်​ပြလာပြီး...

"Nae..၊အခု​လော​လောဆယ်​​တော့ ခဏဆိုင်းထားပါဦးမယ်​တဲ့.."

"ဘာလို့တဲ့လဲ??"

ငြင်းချက်​ မြန်​မြန်​ထုတ်​နိုင်​လေ ​သူ့အတွက်​နစ်​နာမှု ပိုနည်း​လေ ဖြစ်​​နေတာ...၊ဒါကို ဒင်း​လေးက ​ဘာရယ်​ ခဏဆိုင်းထားပါဦးမယ်​တဲ့လား...။

"ကျွန်​​တော်​မသိဘူး..ဥက္ကဌကြီး.."

သိချင်​စိတ်​နဲ့ ​စောင့်​​နေမိ​သော်​ငြား ပြန်​ရလိုက်​တဲ့ အ​ဖြေက စိတ်​တိုင်းကျစရာ နည်းနည်း​လေးမှ မရှိ...။

"မဟုတ်​​သေးဘူး​လေ..၊ငြင်းချက်​ ထုတ်​ဖို့မထုတ်​ဖို့က သူ့ဆီက ခွင့်​ပြုချက်​ ယူစရာမလိုဘူး..။ကုမ္ပဏီက ငြင်းလိုက်​ပြီဆို ပြီး​နေပြီ​လေ..ရှင်းရှင်း​ပြောရရင်​ ငါ့ဘက်​က ငြင်းဆိုစာတစ်​​စောင်​ထုတ်​ပြီး လက်​မှတ်​ထိုး​ပေးရင်​ ပြီးပြတ်​သွားတဲ့ ပြဿနာ..။ဒါကို ဘာလို့ သူက သူ့ခံယူချက်​တွေ လာတင်​ပြ​နေရတာလဲ??"

ရှုပ်​​ထွေးလာတဲ့ စိတ်​အစုံ​ကြောင့်​ ကျွန်​​တော်​ ​လေသံမာမာနဲ့ မာန်​မဲမိ​တော့ ခပ်​တိုးတိုး သက်​ပြင်းချလာတဲ့ Manager.Gim...။

သူလည်း စိတ်​ညစ်​​နေ​တော့မှာပဲ...

"အခုသူဘယ်​မှာတုန်း??မအားဘူးလား??"

မေးဆတ်​ကာ ​မေးလိုက်​ပြန်​​တော့ ပြန်​ရလိုက်​တဲ့ အ​ဖြေက ​ခေါင်းငြိမ့်​​ထောက်​ခံမှု တစ်​ခုသာ...

"သွား..သွား..၊သွား​တော့..သူနဲ့ပဲ တိုက်​ရိုက်​ကြည့်​​ပြောလိုက်​​တော့မယ်​...။"

ဦးညွတ်​အရို​သေ​ပေးကာ ထွက်​သွားသူ အခန်းပြင်​ မ​ရောက်​ခင်​ အမြန်​လှမ်း​ပြောလိုက်​မိပါ​သေးတယ်​...။

"သူ့schedule​တွေကို အပြည့်​မလုပ်​​ပေးထားနဲ့..၊နားပါ​စေဦး..."..လို့​လေ...

အင်း...ကိုယ်​ကသာ သူ့အတွက်​ စဉ်းစား​ပေး​နေတာ..၊သူ့က​တော့ ဘာ​တွေ စိတ်​ကူးပြီး ငြင်းချက်​မထုတ်​​ချင်​​သေးတယ်​မသိ...။

Only 5 Words[chanbaek-one shot]Tempat cerita menjadi hidup. Temukan sekarang