Part 10

5.6K 380 48
                                    

"HATEFUL LOVE"

"Baby အဆင်ပြေရဲ့လား "

"သက်သာပါတယ် ကိုကိုရယ်"

Byun Baekhyun ရယ်လေ...
တန်ဖိုးရှိတဲ့အချိန်တွေကို ဆေးရုံမှာ ကုန်ဆုံးလိုက်ရတယ်လို့....

လျှောက်လည်ရင်း မောလာကာ ရင်တွေ တဒိတ်ဒိတ်နှင် အခုန်မြန်လာတာကြောင့် ဆေးခန်းပြေးတော့ ဆရာဝန်က ဆေးရုံတက်ရန် ညွှန်ကြားတာကြောင့် ဆေးရုံကို ရောက်ခဲ့ရသည်..

"တောင်းပန်ပါတယ်...ကျွန်တော့ကြောင့် ကောင်းကောင်းမပျော်ခဲ့ရဘူး"

"လည်တာက ဘယ်တော့လည်လည်ရပါတယ်ကွာ...အဓိကက မင်းလေး ကျန်းမာရေးကောင်းဖို့ပဲ"

Chanyeol စကားကြောင့် baekhyun ပြုံးမိသည်....

သူ့ရဲ့ အယုအယ အကြင်နာတွေကြောင့်
ကျွန်တော် တကယ်ပျော်မိသည်..

ဒီအခိုက်အတန့်လေးတွေ ဘယ်တော့မှ မပျယ်ပြက်သွားပါစေနဲ့လို့လဲ ဆုတောင်းမိတယ်..

"ကလေး ခနအိပ်လိုက်ဦးနော်.....
ကိုကို အပြင်ခဏထွက်လိုက်ဦးမယ်"

"အင်း..."

ကျွန်တော သူ့စကားကို နာခံစွာ မျက်လုံးတွေက မှိတ်လိုက်တယ်.....

ဆေးအရှိန်ကြောင့်ပဲလား...သူ့စကားကို မလွန်ဆန်နိုင်လို့လားတော့ မသိ....

သိပ်မကြာခင်မှာပဲ...  အိပ်ပျော်သွားခဲ့တယ်...

အိမ်မက်ထဲမှာတော့ ကိုကိုနဲ့အတူ လျှောက်လည်နေတုန်း.....

~~~~~~~~~~~

ခြေထောက်ပေါ် ယားကျိ ယားကျိ အထိအတွေ့ကြောင့် မျက်လုံးများကို အားယူ ဖွင့်ကြည့်မိသည်....

ပက်လက်လှန်အိပ်နေသည်ကြောင့် ခြေရင်းကို သေချာမမြငိရ...

ခေါင်းနည်းနည်းထောင်ကာ ကြည့်မိတော့..

"ဟင်....ခင်ဗျား "

"ဟက်....ကောင်လေး...
အံ့သြသွားတာလား"

စကားပြောရင်း ကုတင်ပေါ်တက်ကာ တကိုယ်လုံးကို အုပ်မိုးပြီး တက်ဖိလာတဲ့ ထိုလူကြောင့် အားကုန်ရုန်းရရသည်...

လက်နှစ်ဖက်ကို အတင်းချုပ်ကာ နှူတ်ခမ်းကို အတင်းလာနမ်းနေတာကြောင့် ခေါင်းကိုတွင်တွင်ခါသော်လဲ အားနည်းနေသည်ကြောင့် သိပ်မလှုပ်နိုင်....

Hateful Love {Complete}Where stories live. Discover now