Part 16

4.2K 321 34
                                    


"HATEFUL LOVE"

Wedding Dress ဆိုင်မှာ dress တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့်နေတဲ့ Hyeri ကို ကော်ဖီသောက်ရင်း စောင့်နေမိသည်.....

မျက်စိရှေ့က
အဖြူရောင်သတို့သမီးဝတ်စုံနဲ့ သူမက ပုရိသတွေအတွက် နတ်သမီးလေးတပါးလို လှပနေပေမဲ့ ကျွန်တော့်အတွက်က နတ်ဆိုးတစ်ပါးပင်..

"မောင်...လှလား "

ဂါဝန်ကို အနည်းငယ်ကားကာ တစ်ပတ်လှည့်ပြတဲ့ သူမက သူများအမြင်မှာ ချစ်ဖို့ကောင်းနေပါလိမ့်မည်....

"မောင်.... "

"အင်း..."

လက်မောင်းကိုအတင်းလာချိတ်ကာ ပါးအပ်ထားပြီးမှ ကျွန်တော့ရဲ့ 'အင်း'ဆိုတဲ့အသံကြောင့် မော့ကြည့်ကာ ...

"ဘာ အင်းတုန်း...."

မော့ကြည့်နေတဲ့သူမမေးစေ့ကို ပင့်တင်ကာ

"မောင့်အချစ်က ဘာဝတ်ဝတ်လှပါတယ်ကွာ"

နှုတ်ခမ်းကိုဖြတ်ခနဲနမ်းလိုက်တော့ ကျေနပိသလို ပြုံးသွားတဲ့ သူမနှုတ်ခမ်းတွေ..
မျက်လုံးထဲ မြင်ယောင်လာတာက baby့ ရဲ့ နှုတ်ခမ်းသေးသေးလေးတွေ...

"မောင် ဝတ်စုံဝတ်ကြည့်လိုက်ဦးမယ်နော်"

လက်မှာတွယ်ချိတ်ထားတဲ့ သူမလက်ကို ဖြုတ်ချကာ နဖူးကိုအသာနမ်းပြီး အခန်းထဲဝင်သွားလိုက်သည်...

ဒီအပြုအမူတွေက ချစ်တတ်တဲ့ယောက်ျားတစ်ယောက်ရဲ့ အပြုအမူတွေဖြစ်နေသော်လဲ...
စိတ်ထဲက ချစ်၍မဟုတ် ဟန်ဆောင်က ချစ်ပြရခြင်းသာ....

ကိုယ်မြတ်နိုးတာ သူတစ်ယောက်တည်း........

~~~~~~~~~

ဝတ်စုံကြည့်ပြီးတာနဲ့ ကျွန်တော်နဲ့သူမ ဆိုင်တဆိုင်ကိုဝင်ဖို့ထွက်လာလိုက်သည်.......

"ဟင်"

ကားမောင်းနေရင်းပင် ဘေးဘီဝဲယာကိုကြည့်မိတော့ ဖြူဖြူလုံးလုံးနဲ့ ကောင်လေးတစ်ယောက်..
အတိအကျပြောရရင် Baby့ကိုတွေ့လိုက်ရတော့...

"Baby "

ကားကိုလမ်းဘေးထိုးရပ်ပြီး ပြေးကာ ဆွဲလှည့်ပြီးခေါ်ကြည့်တော့ Baby မဟုတ်......

Hateful Love {Complete}Where stories live. Discover now