အပိုင်း(၁)

6.1K 340 15
                                    

ကွပ်​ပျစ်​​လေးနဲ့တဲအိမ်​​သေး​သေး​လေး​ရှေ့မျက်​နှာစာအကျယ်​ကြီးတွင်​ မုံလာဥနီပင်​ မုန်​ညှင်းပင်​ ဆလပ်​ရွက်​ ခရမ်းချဉ်​သီးပင်​များနဲ့စိမ်းစိမ်းစိုစိုလှပ​နေ​သောစိုက်​ခင်းရှိပါသည်

ဒါ​ပေမဲ့ဒီ​နေ့မနက်​ရဲ့မုလာဥနီစိုက်​ခင်းမှာ​တော့ဖရိုဖရဲနဲ့တစ်​​ယောက်​​ယောက်​ဝင်​​နှောက်​ထားသလို...

အိမ်​​​လေးထဲက​နေဝါးသမ်းပြီး ​ခေါင်းစုတ်​ဖွားနဲ့အဝါ​ရောင်​တီရှပ်​ကိုအာလာဒင်​​ဘောင်းဘီထဲထည့်​ ​ဘောင်းဘီကို​ရင်​ဘတ်​အထိဆွဲတင်​ပြီး ဟိုကုတ်​ဒီကုတ်​နဲ့သူရဲ့စိုက်​ခင်းကို လှမ်းကြည့်​လိုက်​တဲ့ခဏ..

*ငါများမျက်​စိမှား​နေတာလား ငါညကအိမ်​ပြန်​အိပ်​ပါတယ်​ သူများအိမ်​မှာလည်းမအိပ်​ပါဘူး အိမ်​မက်​မက်​​နေတာလား

မျက်​စိနှစ်​လုံးကိုအားရပါးရပွတ်​သပ်​ရင်း စဉ်းစားခန်းဝင်​​နေတဲ့တစ်​​ယောက်​..ခဏ​နေ​တော့

*ဒိုဆူး ဒိုဆူး ​ဟေ့​ရောင်​ ဒိုဆူး..

*ဘာလဲကွာ ငါအိပ်​​ရေးမဝ​သေးဘူး ဒီ​နေ့မင်းထမင်း ဟင်းချက်​ရမဲ့အလှည့်​​လေ

*အဲဒါအသာထားအုံး

*​ဒေါက်

*အားး နာတယ်​ ဘာလို့​ခေါက်​တာလဲ ပါပီဘတ်​ရဲ့

အားရှိ ဒီကတုံးကိုဘဲလာ​ခေါက်​​နေတယ်​ ဆယ့်​နှစ်​မိနစ်​ကြီးတဲ့အကိုဆိုပြီး သိပ်​ပီးအနိုင်​ကျင့်​တာဘဲ

*အိမ်​မက်​မဟုတ်​ဘူးဘဲ...အမ​လေး ​လေး ငါ့မုံလာဥ​တွေ​တော့ကုန်​ပါပီ ငါအမြတ်​တနိုးထားပြီးစိုက်​ထားတဲ့အပင်​​လေး​တွေ ဒါဘယ်​သူ့လက်​ချက်​လဲ

*ပါပီဘတ်​ မနက်​​စော​စောဘယ်​လိုဖြစ်​​နေလဲ ဘာလို့​အော်​​နေတာလဲ

*မ​အော်​လို့မရဘူးကွ ဒါဘယ်​သူ့လက်​ချက်​လဲငါသိတယ်​ ​တွေ့မယ်​ ​တွေ့မယ်

မရှိတဲ့ဗလ​​တွေနဲ့လက်​သီးလက်​​မောင်းသန်းကာ သူရဲ့ခြံစည်းရိုးနားသွားကာ အားမာန်​အပြည့်​ ခုန်​ဆွခုန်​ဆွနဲ့​အော်​​နေသည်

Baby CarrotWhere stories live. Discover now