ထိပ်တုံးတန်းလန်းနဲ့ပါးစပ်လေးဟစိ ဟစိလည်စောင်းမတတ် မုံလာဥနီကိုတဂွပ်ဂွပ်ဝါးစားနေသော ဆူဟိုဆီကအကြည့်မခွာနိုင်ဘဲလည်ပင်းတမျှော်မျှော် သွားရည်တကျကျဖြစ်နေသော ဘတ်ဟွန်း
*ဂြီ ဂြီ..ဂြီ
ဘေးကတဂွီဂွီနဲ့သူ့အကျွေးကိုမျှော်နေမှန်းသိပေမဲ့ လုံးဝလှည့်မကြည့် ဂျုံအင်ယူလာပေးတဲ့ငှက်ပျောသီးကိုစားချင်စဖွယ် သွားရည်တမြန်းမြန်းကျအောင် ခွာပြနေလေသည်
*အင့် ဟယ် ဒေါက်
*အားးး ပါပီဘတ်
*ဇွတ်အော်မနေနဲ့ ငါခေါက်တာဖြည်းဖြည်းလေး
*မင်းနဲ့ငါ အဲ့ကြောင့်မတည့်တာ အဲ့ခေါက်တတ်တဲ့အကျင့်ကငယ်ငယ်ကတည်းက အခုထိမပျောက်ဘူး
*ခေါက်ရအောင် လုပ်တာကိုး..မင်းတမင်တကာလုပ်မှန်းငါသိတယ်နော ငါဗိုက်ဆာနေမှန်းသိလျက်နဲ့..ငါ့မုံလာဥလည်းခိုးထားသေးတယ် အဲတာကိုအခုငါ့ရှေ့မှာမြိန်ရေယှက်ရေဝါးပြနေတာ ခေါက်ရုံမကဘူး ခြေထောက်သာအားနေလို့ကတော့ မင်းဖင်ကြီးကိုအားရပါးရပြေးကန်ချင်တာ
ဟုတ်ပါတယ်လေ ဘတ်ဟွန်းပြောလည်းပြောချင်စရာ သူ့ဟာလည်းခိုးသေးတယ် အဟိ တယ်ရယ်ရတဲ့ငါလေး..
*စားချင်ရင် ကောင်းကောင်းမွန်မွန်တောင်းပါလားကွာ ဖြူစင်ပီးချစ်စရာကောင်းတဲ့သူငယ်ချင်းလေးဆူဟို ငါဗိုက်ဆာနေလို့ ငှက်ပျောသီးတစ်လုံးလောက်ကျွေးပါလား လို့
မျက်လုံးမှိတ်တုတ်မှိတ်တုတ် မျက်နှာငယ်လေးနဲ့လက်နှစ်ဖက်ဖြန့်ကာ သနားကမားပုံစံနဲ့လုပ်ပြနေသော ဆူဟို
ဘတ်ဟွန်းတစ်ယောက် မျက်မှောင်ကျုံ့နှုတ်ခမ်းမဲ့ရွဲ့ကာ ကြည့်နေပီးမှ..မရတော့ဘူး မရတော့ဘူး အမြင်ကပ်လွန်းလို့လက်တွေယားနေပီ...သူ့ခေါင်းပေါ်ရောက်ဖို့တစ်စင်တီမီတာအကွာမှာ လက်လေးကာပီးဇက်ပုကာဖြီးပြနေတဲ့ ဆူဟို
YOU ARE READING
Baby Carrot
Fanfictionရွာဇာတ်လမ်းသဘောမျိုးပါ.... မြို့သားလေးရီရှင်းနဲ့တောသားလေးဆူဟိုတို့ရဲ့အချစ်ဇာတ်လမ်း...