ယုန်လေးများအစာစားနေသောဘေးတွင်ဆောင့်ကြောင့်လေးထိုင်ကာ ပွစိပွစိနဲ့နှုတ်ခမ်းဆူကာ စကားပြောနေသော ဆူဟို
*ကလေးတို့ရယ် စဉ်းစားကြည့် အရပ်တိုင်းတော့လည်းမနိုင်ဘူး အပြေးပြိုင်ခိုင်းတော့လည်းမနိုင်ပြန်ဘူး ကြည့်အုံး အခုတော့မင်းတို့ဖေကြီးအသုံးမကျလို့ မင်းတို့ထဲကတစ်ကောင်ပါပီဘတ်ကိုပေးလိုက်ရပီ သူများကြားရင်လည်းဘယ်ကောင်းမလဲ ဖေကြီးအသုံးမကျမှုကြောင့် သားသမီးကိုထိုးအပ်လိုက်ရတယ် လို့်
*ဆူဟို ဘာတွေများပြောနေတာလဲ သူကြီးအိမ်ဘက်မလာတော့ဘူးလား
*မလာဘူး
ရီရှင်းကိုစိတ်ကူးနဲ့မျက်စောင်းထိုးပီး ပြတ်ပြတ်ပြောလိုက်သောဆူဟို
*ပါပီဘတ်တောင် အိမ်ရောက်နေပီ ဘာအသားပေါင်းလဲမသိဘူး ယူလာပေးတာတဲ့ သူကြီးအတွက်
*ဘာ ချန် အသားပေါင်း...ကိုကိုရှင်းရောရှိလား
*ရှိတယ်လေ အရိုးတွေဘာတွေတောင်ကိုက်လို့
*ဘာာာ..
အော် ဟိုလေးမလာတာတောင် ပျော်ပျော်ကြီးအရိုးတောင်ကိုက်နိုင်သေးတယ်ပေါ့ တွေ့မယ် ကိုကိုရှင်း...ပါပီဘတ်လည်းတွေ့မယ်
*လာ ဆူဟို အသားစားရအောင်
မျက်လုံးကိုမှေးနိုင်သမျှမှေး နားထင်ကိုကျုံ့ပြီးဝင်လာနေတဲ့ဆူဟိုကို ဘတ်ဟွန်းအသားစားဖို့ခေါ်လိုက်ပေမဲ့..
*ဒေါက်
ခေါင်းအခေါက်ခံလိုက်ရတဲ့ဘတ်ဟွန်းကို ချန်ယောလ်တစ်ယောက်လက်ကအရိုးကိုပစ်ချပီး အုံဖွလုပ်ကာ ရင်ခွင်ထဲထည့်ထားလိုက်ပါသည်
ဆူဟိုကတော့ ရီရှင်းကိုဝါးစားမတတ်အံ့သြတကြီးကြည့်နေလေရဲ့ ရီရှင်းမှာကြောက်လွန်းလို့ ကိုက်နေတဲ့အရိုးတောင် လက်မခိုင်ဘဲပြုတ်ကျသွားရတယ်
YOU ARE READING
Baby Carrot
Fanfictionရွာဇာတ်လမ်းသဘောမျိုးပါ.... မြို့သားလေးရီရှင်းနဲ့တောသားလေးဆူဟိုတို့ရဲ့အချစ်ဇာတ်လမ်း...