ရွှတ် ရွှတ် ရွှတ်...
*ဟေ့ကောင် ပါပီဘတ် ဖြေးဖြေးနင်းဟ လူပျိုကြီးနိုးသွားအုံးမယ်
*အေ အေ ရှူး..ဒါနဲ့ဆူဟိုမင်းဒိုးလုံးကိုဘာကျွေးပီးအိပ်ခိုင်း ထားတာလဲ
*ငါလည်းမသိပါဘူး ငါတောထဲသွားတုန်းက ဘာအရွက်လဲမသိပါဘူးကွာ စိမ်းစိမ်းသေးသေးလေး အဲတာနဲ့ငါလည်းစားကြည့်လိုက်တာ တန်းအိပ်ပျော်သွားတာဘဲ အဲတာနဲ့ငါလည်းခူးလာတာ လိုရမယ်ရ ..ဒိုးလုံးကိုအဲ့အရွက်နဲ့အသားနဲ့ရောကျွေးပီး အိပ်ခိုင်းထားတယ်
*မင်းဟာကလည်း တော်ကြာသေ သွားမှဖြင့် ငါတို့ခွေးသတ်မှုရော ခိုးမှုပါပေါင်းပီး အချုပ်နဲ့နှစ်ပါးသွားနေအုံးမယ်
*ဖွဟဲ့ လွှဲပါစေ..ပေါက်ကရတွေမပြောနဲ့ မြန်မြန်ခူး..စတော်ဘယ်ရီတွေရော မာလကာသီးတွေရော အားကြီးပဲဟေ့ အားရပါးရသာခူး
*အဟိ ငါတို့ခိုးနေတာနှစ်ည သုံးညရှိပီ..လူပျိုကြီးမသိသေးဘူး
*ရှူး တိုးတိုးနေကွ
ဘတ်ဟွန်းတစ်ယောက်ရှိုးနဲ့စမိုးနဲ့ အာလာဒင်ဘောင်းဘီအနီရောင်နဲ့တီရှပ်အနီရောင်တွဲဝတ်ပြီး မနေ့ညကခိုးထားတဲ့အသီးတွေကိုငှက်ပျောရွက်နဲ့ပတ်ပြီး ချန်ယောလ်အိမ်ဘက်ကိုခြေဦးလှည့်သွားနေပါသည်
*အို ပါပီဘတ်တို့လန်းလှချည်လား ခြင်းထဲကဘာတွေတုန်း
*ကိုကိုသူကြီးဆီသွားမလို့ ဒါနဲ့မင်းကရောဘယ်သွားမလို့လဲ
*ဟိုဟိုဒီဒီ လျှောက်သွားမလို့ပါကွာ ပျင်းနေတာနဲ့..မျက်လုံးလေးဘာလေးဖွင့်ပြီးမှသွား တော်ကြာနွားလိုက်ဆွဲနေအုံးမယ် ဟား ဟား အနီဝမ်းဆက်နဲ့တဲ့ ဟား ဟား
တဟားဟားရယ်နေတဲ့ဆူဟိုကိုဘတ်ဟွန်းထုံးစံအတိုင်းခေါင်းတစ်ချက်ခေါက်ခဲ့လိုက်သည်
ဆူဟိုရွာထိပ်မှာသီချင်းတညည်းညည်းနဲ့လမ်းလျှောက်နေတုန်း ရှေ့တည့်တည့်တွင်ဘွားကနဲမြင်လိုက်ရတဲ့ကျောပိုးအိတ်အမဲတစ်လုံး
YOU ARE READING
Baby Carrot
Fanfictionရွာဇာတ်လမ်းသဘောမျိုးပါ.... မြို့သားလေးရီရှင်းနဲ့တောသားလေးဆူဟိုတို့ရဲ့အချစ်ဇာတ်လမ်း...