Ep(3) (zawgyi & unicode)

26.5K 1.9K 15
                                    

ကလေး ဖုန်းပြောပြီးသွားလို့ ထမင်းဆက်စားနေပြီ။ ကလေးနဲ့ဖုန်းပြောနေတဲ့ 'ကိုလတ်'ဆိုတာ ဘယ်သူလဲလို့မေးချင်မိပါရဲ့။ သို့ပေမဲ့ ဒီနေ့မှစတွေ့တဲ့သူတစ်ယောက်အနေနဲ့ ကလေးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို မေးမိရင် ကလေးစိတ်ရှုပ်သွားမှာ သေချာသည်။ ထမင်းစားပွဲဟာ တိတ်ဆိတ်စွာ ပြီးဆုံးသွားလေပြီ။

"ဦးလေးကြီး ဘယ်အခန်းမှာနေချင်လဲ"

ခေါ်လိုက်တာလည်း တစ်လုံးတစ်ခဲကြီးပါလား။ဦးလေးကြီးတဲ့ ဘိုးဘွားရိပ်သာပဲ ပြေးသွားရတော့မလား။

"ကိုယ်က ဘယ်အခန်းမှာပဲနေနေ အဆင်ပြေတယ်။ ဒါပေမဲ့ကိုယ့်ကိုဘာလို့နေ့ခင်းကလို 'ဦး'လို့မခေါ်တော့ဘဲ ဦးလေးကြီးလို့ခေါ်တာလဲ"

မျက်မှောင်ကြုတ်ပြီး ကြည့်လာသည့်အကြည့်စူးစူးတစ်ချက်ကြောင့် အဂ္ဂနှလုံးသားလေးကစည်းချက်မကျ ခုန်နေလေပြီ။

"သားဘာသာ ဘယ်လိုခေါ်ခေါ်ပေါ့"
ဟု ပြောပြီးမျက်စောင်းတစ်ချက် ပစ်ကျွေးခံလိုက်ရသည်က ကျွန်တော်။

"ဒီအခန်းကသားအခန်း ဟိုဘက်အခန်းမှာ ဦးလေးကြီးနေ"

ဆောင့်အောင့်ပြောပြီး သူ့အခန်းထဲသူဝင်သွားလေပြီ။ အဲ့ဒါများ ဘယ်အခန်းမှာနေမလဲ မေးနေသေးတယ်။ စိတ်ရှိလက်ရှိ ကလေးအခန်းထဲ ဝင်အိပ်လိုက်ရ။ ကိုယ့်အတွေးနဲ့ ကိုယ်ပြုံးနေမိတဲ့ ကျွန်တော့်ကို အခန်းထဲဝင်ပြီးမှ ပြန်ထွက်လာတဲ့ ကလေးမြင်တော့

"သားပြောတဲ့ထဲမှာ ရယ်စရာတစ်လုံးမှမပါဘူး။ ရူးနေလား မသိဘူး"

တိုးတိုးလေး ပွစိပွစိပြောသွားပေမဲ့ ကျွန်တော်ကြားဖြစ်အောင်ကြားလိုက်ပါသည်။

"ကလေးပြောတာ ကိုယ်အကုန်ကြားတယ်နော်"

ကျွန်တော်ပြောလို့ပြီးတာနဲ့ ချက်ချင်းရောက်လာတာက နောက်ထပ်မျက်စောင်းတစ်ချက်။ ကလေးရဲ့မျက်စောင်းလှလှလေးတွေက တစ်ချိန်က ကျွန်တော်ချစ်ခဲ့ဖူးတဲ့'မမနှင်း'ရဲ့ မျက်စောင်းလေးတွေနဲ့ တူလိုက်တာ။

ဒီလူကြီးရူးနေတာလား မသိဘူး။ သားပြောတဲ့စကားထဲ တကယ်ရယ်စရာဆိုလို့ တစ်လုံးမှမပါတာကို မျက်နှာကြီးက ပြုံးဖြီးနေတာပဲ။ တစ်အိမ်ထဲ အတူတူနေရမှာတောင် ကြောက်တယ်။

Kiss ThiefWhere stories live. Discover now