ထမင်းစားပြီးသွားလို့ ပန်းကန်တွေဆေးမယ်လုပ်ပြန်တော့လည်း ဘေစင်မှာနှစ်ယောက်သားကဆေးမယ်လုပ်ကြပြန်ရော
"ကိုလတ်တို့ကအကြီး သားကအငယ် သားဆေးပေးမယ်။ ဟိုမှာသွားထိုင်ကြ သွားဆို"
"အာ....မေ့နေတာ ဒီနေ့စတော်ဘယ်ရီတွေ့လို့ဝယ်လာတယ်"
ပြောပြောဆိုဆိုနဲ့ ကိုသန့်ကရေခဲသေတ္တာထဲက စတော်ဘယ်ရီသီးနဲ့အသီးအချို့ထည့်ထားတဲ့ပန်းကန်လေးထုတ်လာသည်။
အသီးစားနေရင်းနဲ့ ကိုလတ်ကဆေးရုံကသူ့လူနာတွေအကြောင်းပြောပြပြီး ကိုသန့်ကလည်းဆေးအကြောင်းတွေပြောနဲ့ အတိုင်အဖောက်ညီလိုက်တာ။
ဦးငယ်နဲ့သားအကြောင်းကိုစဉ်းစားမိရင် ဝမ်းနည်းသလိုတောင်ဖြစ်လာရသည်အထိ သားဘက်ကမကောင်းတာပဲပြောရမလား။ ဦးငယ်ကသားကိုအရမ်းအလိုလိုက်တော့ သားဆိုးချင်တိုင်းဆိုးနေမိတယ်လေ။
ဦးငယ်ကသားကိုချစ်တော့ ဘာဆိုဘာတစ်ခွန်းမှမပြောဘူး
"ငဲ...... ငဲငဲ..."
"ဗျာ"
"ဘာတွေတွေးနေတာလဲ။ ကိုယ်ခေါ်နေတာကြာပြီ အသီးလာစားလို့"
"ဟုတ် ဟုတ်"
စားပွဲအလယ်ကောင်တွင် အသီးပန်းကန်နားမှာထိုင်နေသည့်ဟိဏ်းဇေလေးက လင်းမြတ်ဝင်ထိုင်လိုက်တာနဲ့ ပါးစပ်ထဲစတော်ဘယ်ရီလာခွံ့ကျွေးသည်။
"ဟေ့ကောင် လူဆိုးကောင်လေး ဒီမှာအဖေနှစ်ယောက်ကိုကြတော့ ခွံ့မကျွေးဘူးပေါ့ဟုတ်လား"
"ခစ် ခစ် ခစ်...."
သားဖြစ်သူကရယ်နေတော့ ကိုသန့်ကကလိထိုးပြီးစပါလေရော ကိုသန့်ကိုအနောက်ကနေထပ်စသူကတော့ ကိုလတ်ပေါ့။ ကိုလတ်တို့မိသားစုကတကယ်ပျော်စရာကြီးပင် သားအဖသုံးယောက်စနောက်ပြီးသွားတော့ မောသွားကြလေရဲ့။
ဟိဏ်းဇေလေးကိုအင်္ကျီလဲပေးပြီး သီချင်းလေးညည်းရင်းချော့သိပ်နေတဲ့ ကိုသန့်
"ကိုသန့်"
"ဟေ"
"ဟိုလေ သားတို့လည်းဟိဏ်းလေးလိုကလေးလေးမွေးရင်ကောင်းမလား"
YOU ARE READING
Kiss Thief