Chapter 6

631 75 8
                                    

Jimin ရဲ့ ခိုင်းဖက်​အဖြစ်​တစ်​လ​လုပ်​ရမယ်​ဆိုတာ Min Ju အခုထိမယုံနိုင်​ဖြစ်​​နေသည်​။

Min Ju စိတ်​ပျက်​​နေ​ပေမဲ့စိတ်​လဲမပျက်​နိုင်​ပြန်​ဘူး။

ဘာလို့လဲဆို​တော့ Jimin နားမှာတစ်​လလုံးအတူ​နေရမှာ​လေ။

နောက်​ဆုံး​တော့လဲ သူရဲ့စိတ်​က Jimin ကိုသ​ဘောကျ​နေတယ်​ဆိုတာဝန်​ခံလိုက်​ပြီ​ပေါ့။

Min Ju ​ကျောင်း hall လမ်းမက​နေ​လျှောက်​​နေရင်း Jimin ​ရှေ့ကပိတ်​ရပ်​လိုက်​သည်​။

Min Ju လက်​ထဲကဖုန်းကိုယူလိုက်​ပြီးဖုန်းထဲမှာတစ်​ခုခုကိုရိုက်​ထည့်​​နေသည်​။

Min Ju: ငါ့ဖုန်းပြန်​​ပေး...ပြန်​​ပေး

Jimin: ငါ့ဖုန်းနံပါတ်​ထည့်​​ပေးတာ​လေ အဲဒါမှငါတစ်​ခုခုလိုအပ်​ရင်​နင့်​ကို​ခေါ်လို့ရမှာ​ပေါ့

သူ Min Ju ဖုန်းပြန်​​ပေးပြီးသူ့ဖုန်းကိုကြည့်​လိုက်​​တော့နာမည်​က "sexy master" တဲ့​လေ

Min Ju သူ့ကိုမ​ကြေတဲ့ရုပ်​နဲ့ကြည့်​​နေ​တော့ Jimin ရယ်​ရုံသာရယ်​​နေ​တော့သည်​။

သူထွက်​သွားပြီးမကြာ ​ကောင်​မ​လေး​တွေအနားကပ်​လာပြီး Jimin ဖုန်းနံပါတ်​ကိုအတင်း
တောင်း​တော့သည်​။

Min Ju က​တော့ဖုန်းနံပါတ်​မ​ပေးနိုင်​​။

သူ့တစ်​​ယောက်​တည်းကိုဘဲသီးသန့်​​ပေးထားတာ​လေ။

ဒါ​ပေမဲ့ အဲဒီလို​ပေးထားတယ်​ဆိုတာ​လဲသူလိုရင်
ခေါ်ခိုင်းဖို့အတွက်​သာ။

ကျောင်းဆင်း​တော့လူတိုင်းအိမ်​ပြန်​ကုန်​သည်​။

Min Juလဲအိမ်​ပြန်​ဖို့ပြင်​​နေချိန်​ "Sexy master" ဆိုတဲ့နာမည်​နဲ့စာဝင်​လာသည်​။

စာကိုကြည့်​ကြည့်​လိုက်​​တော့

Jimin: ​ကျောင်း​ရှေ့ကအားကစာကွင်းကိုလာခဲ့

Min Ju လဲသက်​ပြင်းချရုံကလွဲ၍မတတ်​နိုင်​။

သူအိမ်​ပြန်​ပြီး​အေး​အေး​ဆေး​ဆေးအနားယူရန်​ကြံစည်​ထားသမျှ Jimin ဆို​သောချာတိတ်
ကြောင့်​အကြံအစည်​​တွေအကုန်​ပျက်​ကုန်​သည်​။

Love game BTS-Jimin Where stories live. Discover now