Chapter 13

559 46 0
                                    

Min Ju နဲ့ Jimin တို့တွဲလာတာနှစ်​ပတ်​ပြည့်​ခဲ့
ပြီ....။

အရာအားလုံးလဲအဆင်​​ပြေ​နေသည်​။

ပြသာနာတစ်​ခုက Julie.....

Julieနားက​နေ သူမတို့ဖြတ်​သွားတိုင်း အစိုင်​အခဲမ​ကြေတဲ့အကြည့်​နဲ့ကြည့်​ခြင်းပင်​။

Julie ကသူမချစ်​သူကိုသ​ဘောကျ​နေမှန်းသူမသိပြီးသားပါ။

သို့​သော်​ သူမ Jimin ကိုလက်​လွှတ်​ဆုံးရှုံးမခံ
နိုင်​​ပေ။

Jimin သာသူမဘဝ.....။

Jimin သာသူမချစ်​ခြင်း......။

နောက်​ပြီးသူမတစ်​ခု​ကြောက်​မိတာ တစ်​ချိန်​က Jimin ဟာ Julie ကိုချစ်​ခဲ့သူ သူမကိုထားခဲ့ပြီး
Julie ဆီပြန်​သွားမှာကို.....။

Jimin အ​ပေါ်သူမအဆုံးထိယုံကြည်​ထား​ပေမဲ့
Jimin ကိုသူမအဆုံးရှုံးမခံနိုင်​​တာ​တော့အမှန်​ပင်​။

Jimin: jagiya မျက်​နှာကသုန်​မှုန်​​နေတာဘဲ ဘာ​တွေ​စိတ်​ရှုပ်​​နေတာလဲဟင်

Min Ju: ဟင်​....အင်း အင်း ဒီအတိုင်းဘဲ​တွေး​နေတာပါ

Jimin: ဘာ​တွေ​တွေး​နေတာလဲ

Min Ju: ဘာမှမ​ဟုတ်​ပါဘူး

Jimin: မရဘူး ကိုယ့်​ကို​ပြောပြ....

Min Ju: ​ကျောင်းကိစ္စ​နဲ့တင်​ပါ တခြားမဟုတ်​ပါဘူး

Jimin: ​သေချာလို့လား

Min Ju: ​သေချာပါတယ်

Jimin နဲ့သူမတို့​ကျောင်းစင်္ကြတစ်​​လျှောက်​လက်​​လေးတွဲကာရယ်​ရယ်​​မော​မောစကား​ပြောလာကြသည်​။

သူတို့နှစ်​​ယောက်​​ရှေ့တစ်​​စုံတစ်​​ယောက်​​ရောက်​မလာခင်​​ပေါ့.....

Julie: Min Ju ငါ Jimin နဲ့စကား​ပြောစရာရှိလို့

Min Ju ပြန်​​ပြောတာ​တောင်​နားမ​ထောင်​ဘဲ Jimin လက်​​မောင်းကိုင်​ပြီးအတင်းဆွဲ​ခေါ်သွားသည်​။

Jimin: Julie ငါတို့ဘယ်​​တွေသွား​နေတာလဲ

Julie: ငါနင်​နဲ့စကား​ပြောချင်​လို့

Love game BTS-Jimin Where stories live. Discover now