Chapter 23

439 37 16
                                    

Nara: မင်းက ဟိုမိန်းက​လေး​ပေါ

Min Ju: ရှင်​!

Nara: အန်​တီက Jimin အ​မေပါ

ခင်​ပွန်းဖြစ်​သူအ​မေလဲဆို​ရော သူမမျက်​လုံးအပြူသားနှင့်​ ဘာလုပ်​လို့ ဘာကိုင်​ရမှန်းမသိ ဖြစ်​သွားသည်​။

Nara အိမ်​ထဲဝင်​လာပြီး အိမ်​အနှံ့​သေချာလိုက်​ကြည့်​​နေသည်​။

သူမစိတ်​ထဲမှာ​တော့တစ်​အိမ်​လုံးသန့်​ရှင်း​ရေးလုပ်​ထားလို့​တော်​​သေးရဲ့ဆိုကာသက်​ပြင်းချနိုင်​​တော့သည်​။

Nara ​ရှေ့ သူမခါးကိုကိုးဆယ်​ဒီဂရီကိုင်းညွှတ်​လိုက်​ပြီးနှုတ်​ဆက်​လိုက်​သည်​။

Min Ju: annyeonghaseyo အ​....အ​မေ
Ji...Jimin က​လေ အလုပ်​သွား​နေပါတယ်​ ဒောပမဲ့ သူပြန်​​ရောက်​​တော့မှာပါ ခဏ​လောက်​​စောင့်​​ပေးပါ​နော်

သူမဆီကစကားသံထွက်​လာ​တော့ Nara တစ်​​ယောက်​ သူမကို​ခေါင်းစ​ခြေဆုံးကြည့်​လိုက်​သည်​။

Nara: အန်​တီ မင်းနဲ့​တွေ့ဖို့လာခဲ့တာ

Min Ju: ဟုတ်​...ဟုတ်​ကဲ့ ဧည့်​ခန်းထဲကြွပါရှင့်

နှစ်​​ယောက်​အတူ ဧည့်​ခန်းထဲကဆိုဖာခုံ​တွေ​ပေါ်မှာတစ်​​ယောက်​တစ်​​နေရာ ဝင်​ထိုင်​လိုက်​ကြသည်​။

ထိုအချိန်​ တရှူးရှူးနဲ့​ဒေါသ​တွေထွက်​​နေတဲ့ Jimin တံခါးကိုဒုန်းကနဲဖွင့်​ကာဝင်​လာသည်​။

Jimin: အ​မေ ဒီကိုမလာဖို့ကျွန်​​တော်​​ပြောထားတယ်​မလား!!!

ဒေါသတကြီးနှင့်​အ​မေဖြစ်​သူကို​အော်​​ပြောလိုက်​သည်​။

Nara: ငါလဲ မင်းဇနီးနဲ့​တွေ့ချင်​တယ်​လို့​ပြောထားတာဘဲမလား

Jimin: အ​မေ့ကိုအကုန်​​ပြောပြပြီးသားကိုဗျာ!

Nara: ဟိတ်​!! မင်းငါ့ကိုဒီ​လေသံနဲ့လာ​ပြောစရာမလိုဘူး ငါမင်းအ​မေဆိုတာလဲသတိ​လေးဘာ​လေးထားဦး

Jimin: အ​မေ​တွေဘာ​တွေနားမလည်​ဘူး ဒီကိုအစတည်းကမလာဖို့​ပြောပြီးသား လာမယ်​ဆိုလဲကိစ္စ​တွေရှင်းပြီးမှလာလို့​ပြောထားပြီးသာ

Love game BTS-Jimin Where stories live. Discover now