Part - 2

1.9K 100 2
                                    


           ' ကလင် ကလင် ကလင် '  နာရီနှိုးစက်မြည်သံကြောင့်  နှင်းစက်
အိပ်ချင်မူးတူးဖြင့် လှမ်းပိတ်လိုက်ပြီး တစ်ဖက်သို့ပြန်စောင်း
နှပ်မလို့ကြံပြီးမှ ဒီနေ့ကျောင်းစောစော
သွားဖို့အတွက် နှိုးစက်ပေးထားတာကို
သတိရပြီး ကုန်းရုန်းထလိုက်လေသည်။
ရေချိုးခေါင်းလျှော်ပြီး မှန်တင်ခုံရှေ့ထိုင်
ခေါင်းဖြီးနေရင်း  ခုံပေါ်က ဖန်ဘူးလေး
ကိုကြည့်ပြီး ပြုံးလိုက်လေသည်။ ပိုးသား
ပေးသမျှစုပ်လုံးလေးတွေကို ဖန်ပုလင်း
အကြည်ရောင်လေးထဲထည့်ကာ သိမ်းထားမိသောကြောင့်ဖြစ်သည်။ ဖန်ဘူးလေးဖွင့်ကာ စုပ်လုံးတစ်ခုယူလိုက်ပြီး
ပါးစပ်ထဲထည့်ကာ ကျောင်းသွားရန်
ဆက်ပြင်ဆင်လိုက်လေသည်။ 

  နှင်းစက် ဒီနေ့ ကျောင်းကိုအစောကြီး ကြိုရောက်နေကာပိုးသားကိုစောင့်နေခြင်းဖြစ်သည်။
ပိုးသားကို နှင်းစက်လည်း ခင်မိနေပြီ
ဆိုတဲ့အကြောင်းပြောမည်ဟု ဆုံးဖြတ်ထားသောကြောင့်ဖြစ်သည်။ ပိုးသား နှင်းစက်
ဘေးနားရောက်လာခဲ့သည်မှာ  တစ်ပတ်တော်ကျော်နေပြီ . . . .
  တဖြည်းဖြည်း ကျောင်းတက်ချိန်ကိုရောက်လာခဲ့သည်။ နှင်းစက် တမျှော်မျှော်
နှင့် အပေါက်ဝလမ်းအပြင်ဘက်ကိုပဲ
စိတ်ပူစွာကြည့်နေမိလေသည်။

  ပိုးသားဘာဖြစ်လို့ပါလိမ့် နေများ
မကောင်းဘူးလား ဘာလို့မလာသေး
တာလဲ အကြိမ်ကြိမ်တစ်ယောက်တည်းမေးခွန်းများထုတ်နေမိသည်။ 

တစ်ယောက်တည်းစိတ်ပူနေမိတာ teacher အခန်းထဲ ၀င်လာတာပင် မသိလိုက်ပါပဲ မင်္ဂလာပါteacher ဆိုမှ
အသိဝင်လာပြီး ထနှုတ်ဆက်လိုက်သည်။
  စာသင်နေချိန်တွင်လဲ နှင်းစက်တစ်
ယောက် စာထဲစိတ်မပါချေ။  အပြင်ဘက်ကိုပဲ လှမ်းမျှော်ကြည့်နေမိသည်။

' နှင်းစက် နှင်းစက် နှင်းစက်ချို '
' အမလေး ' ဟု နှင်းစက်ရင်ဘတ်လေးဖိပြီး အသံလာရာမော့ကြည့်မိတော့ teacher
ဖြစ်နေလေသည်။

'နှင်းစက် teacher ခေါ်နေတာ ကြာပြီ
ဘာတွေ ဒီလောက်တွေးနေတာလဲ  '

ချစ်မိတာ အမှားတဲ့လား Where stories live. Discover now