Ending

2.2K 119 14
                                    


      ပိုးသား မနက် ၅ နာရီခွဲ ထသည်မှာ
အကျင့်တစ်ခုဖြစ်နေလေသည်။
ဘယ်လိုမှစက်အိပ်မရ၍  ဖက်ထားသည့်
နှင်းစက်လက်ကိုဖယ်ကာ ထလိုက်လေသည်။ 

ပိုးသား မျက်နှာသစ်  ဖြီးလိမ်းပြီး
နှင်းစက်အိပ်နေတာလေးကို ကြည့်ကာ
ပါးလေးကို တစ်ချက်နမ်းပြီး အခန်းထဲ
ဖွဖွထွက်လာခဲ့လေသည်။ 

    '  ဟယ် မမလေးပိုးသား  အစောကြီးနိုး
နေတယ် အေးမူတောင်အခုမှနိုးတာ '

'  အင်း အေးမူ   မမက အစောထနေကျမို့
ပြီးတော့  နှင်းစက်ဖို့ မနက်စာချက်ပေးချင်
လို့ '

  ' အေးမူ တယ် ဒီကော်မလေး မထသေး
ဘူးလားမသိပါဘူး '

အောက်ထပ် အေးမူတို့နေသည် အခန်းရှေ့
တွင်  ပိုးသားနှင့်စကားရပ်ပြောနေသည်ကို
ကြီးဆွေက မထသေးဘူးထင်၍ုပြန်လာ
နိုးခြင်းဖြစ်လေသည်။ 

'  သြော်  ပိုးသား နိုးနေတာလား ဘာလို့
အစောကြီးထရတာလဲ နှင်းစက်သိရင်
ပြောတော့မှာပဲ  သွားပြန်အိပ်ပါလား '

' ရပါတယ် ကြီးဆွေရယ် ပိုးသားက နှင်းစက် အတွက်မနက်စာချက်ပေးချင်လို့ပါ
ဘာတွေရှိလဲ အခုကြီးဆွေ ဘာလုပ်ဖို့လဲ '

' ကြီးဆွေလဲ ဘာလုပ်ရမလဲတော့မသိဘူး '

   ပိုးသားလည်း မီးဖိုခန်းဘက်သို့ထွက်
လာကာ ရေခဲသေတ္တာဖွင့်ကြည့်လိုက်ပြီး
ဘာချက်ရမလဲ စဉ်းစားကာ  ကြက်သား
တွေ့တာနဲ့

  ' ကြီးဆွေ  အုန်းနို့ရည်ရနိုင်မလား '

'  အင်း . . . သြော် ရနိုင်တယ် ပိုးသား
အုန်းသီးတစ်လုံးရှိတယ်  သာအေးကို
လုပ်ခိုင်းလိုက်လို့ရတယ် ပိုးသားဘာလုပ်
ချင်လို့လဲဟင် '

'  အုန်းနို့ခေါက်ဆွဲချက်ဖို့  နှင်းစက်အရမ်း
ကြိုက်တယ်လေ  '

'  ဟင်  နှင်းစက်ကစားပါ့မလား  နှင်းစက်
ြိကိုက်မှန်း ကြီးဆွေလဲသိပါတယ် ဒါပေမယ့်
ချိုလဲ့လေးဆုံးပြီးကတည်းက သူကြိုက်တဲ့
အစားအစာ မစားပဲ မကြိုက်တဲ့ အစာတွေပဲ
စားနေတာအခုချိန်ထိပဲလေ  အချိုကြိုက်
ပေမယ့်  အချိုနဲ့ပတ်သက်တာတွေမစား
တော့ပဲ  မနက်ဆို ဆေးခါးကြီးကိုပဲအမြဲ
သောက်တယ်  ကြီးဆွေဖြင့်လေ မကြည့်ရက်လို့ မေးကြည့်တော့  သူ့ရဲ့အပြုံးတွေ
ချိုနေမှာဆိုးလို့တဲ့  လူတွေကခါးသက်တဲ့
အပြုံးနဲ့ပဲထိုက်တန်တယ်တဲ့  ကလေးလေး
ဘယ်လောက်အထီးကျန်နေခဲ့မလဲကွယ်
ကြီးဆွေကလဲ အလုပ်သမားဆိုတော့
မပြောသာဖူးပေါ့   သြော် ငါကလဲပြော
မိပြန်ပါရော ကဲ ကဲ  အေးမူ သာအေး
ကိုသွားနို့ အုန်းနို့ညစ်ဖို့လုပ်လို့ ပြောလိုက် '

You've reached the end of published parts.

⏰ Last updated: Jan 13, 2018 ⏰

Add this story to your Library to get notified about new parts!

ချစ်မိတာ အမှားတဲ့လား Where stories live. Discover now