Part - 3

1.4K 85 2
                                    


      ပိုးသားနဲ့ နှင်းစက် ချစ်သူဘ၀ သို့
ရောက်ခဲ့ပြီးမှ စနေ တနေင်္ဂနွေ ဆိုတာ
လုံးဝမအားတော့ချေ။ ရုပ်ရှင်ရုံ မကြည့်
ဖူးတဲ့ရုံမရှိချေ။ ကစားကွင်း ရှိသမျှ
သွားဆော့ကြသည်။ ကန်တော်ကြီး
ဆိုတာ ခြေရာတွေထပ်ခဲ့ကြလောက်
အောင် ပျော်မြူးခဲ့ကြသည်။ တစ်ယောက်
စိတ်ဆိုးစိတ်ကောက်ခဲ့ရင် တစ်ယောက်
ပြန်ချော့ကာ ချစ်သူသက်တမ်းတောင်
နှစ်လပြည့်ခဲ့လေပြီ။  အတန်းမတက်ပဲ
လျှောက်လည်ကြသည်တော့
မရှိချေ။ ဒီနေ့တွင်တော့ အတန်းထဲရှိမနေတာ  ပိုးသား တို့နှစ်ယောက်ပါ ။

  ' ပိုးသား ပိုးသား ပိုးသား ' ဟု ပိုးသား
လက်မောင်းလေးကိုမှီရင်း တတွင်တွင်
ခေါ်နေသော နှင်းစက်ကို ခေါင်းလေးစောင်းငဲ့
ကြည့်လိုက်လေသည်။  ဒီနေ့ ပိုးသား
စိတ်ဆိုးပြီး  အတန်းမတက်ပဲ ကန်တော်
ကြီးကိုရောက်နေကြခြင်းဖြစ်လေသည်။

      ဆိုးလည်းဆိုးချင်စရာပင် ကြည့်ဦးလေ လုပ်ပုံ မနေ့ကထဲက အကြိမ်ကြိမ်မှာတယ် ချောင်းလေးတဟမ့်ဟမ့်ဖြစ်နေလို့
ပေးထားတဲ့ စုပ်လုံးမစားနဲ့သိမ်းထား
ရေခဲမုန့်လဲမစားနဲ့ ဆိုပြီး အိမ်မပြန်ခင်
အထပ်ထပ်မှာတာကို . . .
         ဘာတဲ့  ပေါင်မုန့်ကိုနို့ဆီသုတ်ပြီး
စားတယ်တဲ့ ရေခဲမုန့်လဲစားတယ်တဲ့
စားတာတောင်တစ်ခွက်မဟုတ်ဘူးနှစ်ခွက်
ကြည့် ညပိုင်း ပိုးသားကို သတိရလို့တဲ့
စုပ်လုံးနှစ်လုံးကျန်တာ အကုန်စားဖြစ်
တယ်တဲ့ ဒီမနက် ချောင်းကအဆက်မပြတ်
ဆိုးနေတာ  ပိုးသားစိတ်မဆိုးလို့ ဂုဏ်ယူ
နေရမှာလား ဟူးးးး ဒီကောင်မလေးနဲ့
တော့ . . . . ပိုးသားစိတ်ထဲတွင် တစ်ယောက် တည်းပြောနေမိသည်။

  ' ပိုးရေ ပိုးသားလေး နှင်းစက်က ပိုးသား
စကားနားမထောင်တာမဟုတ်ပါဘူး
ပိုးသားအချိုကြိုက်တာကို ၁၀ နှစ်ကျော်
လောက်ဖြတ်ထားခဲ့တာ အခုပိုးသား
နဲ့ဆုံတွေ့မှ ချိုမြိန်မှုကိုပြန်ယူတာပါ
ပိုးသားစိတ်မဆိုးပါနဲ့နော် ပိုးသားအာ့လို
နေတော့  နှင်းစက်က မနေတတ်ဘူး နော်
နော်လို့ '

ချစ်မိတာ အမှားတဲ့လား Où les histoires vivent. Découvrez maintenant