မဖြစ်သင့်သော သုံးပွင့်ဆိုင် အပိုင်း - ၁

4.5K 187 7
                                    

မဖြစ်သင့်သော သုံးပွင့်ဆိုင် (အပိုင်း-၁)
@@@@@@@@@@@@@@@@@

'ဟေ့ရောင် ဆောင်းသုတ မင်းကကွာ ကာဆီး ကာဆီးနဲ့'

'ငါကြောက်လို့ပါ ရန်မဖြစ်စမ်းပါနဲ့ လွမ်းရာ'

'မင်းက အခြောက်လား'

သူ့ကို အခြောက်လို့ မေးလာတော့ ရယ်ချလိုက်မိတော့မလို ဖြစ်သွားတာကို အတင်းဖိသိပ် မျိုချလိုက်ပြီး ခေါင်းခါယမ်း ပြလိုက်မိသည်။ ပါးလျလျ ခန္ဓာကိုယ်လေးနဲ့ လွမ်းနှင်းဝေ ဆိုတဲ့ မိန်းကလေးက ခန္ဓာကိုယ်ကသာ မိန်းကလေး၊ ဝတ်ပုံစားပုံ အယူဆ စိတ်ထား တွေက မိန်းကလေးနှင့် လားလားမျှ မသက်ဆိုင်၊ တော်ရုံတန်ရုံ ယောက်ျားလေး တစ်ယောက် စိတ်မြန် လက်မြန် ဆိုတာကို လွမ်းတို့က ရယ်တာပေါ့၊ ထစ်ခနဲဆို လက်ကအရင် ရောက်ပြီးသား ဘယ်သူ ဘာဖြစ်ဖြစ် ထိုးပစ်မယ် ဆိုတာက အရင်၊

ဂျဲင်းအင်္ကျီ နဲ့ ဂျဲင်းဘောင်းဘီ ဝတ်ထားသည့် လွမ်းက မိန်းကလေး ဆိုတာကို ဘယ်တော့မှ အပြောမခံနိုင်သူ၊ ဆံပင်ကို ခပ်တိုတိုသာ ညှပ်လေ့ရှိပြီး နားတစ်ဖက်ဖောက် ထားတာက အသားညို နေသူဆိုရင် လမ်းသရဲလို့ ထင်နိုင်သေးသည်။

'ဆောင်း ငါဗိုက်ဆာတယ် အိမ်ပြန်ရင် မာမီက ငါ့ကို ပြောနေမှာ ငါ့ကို မင်းအိမ်မှာ တစ်ခုခု လုပ်ကျွေးကွာ'

'ဆေးခန်း အရင်ပြမလား မျက်နှာမှာ ထိသွားတာဟ'

'ပြဘူး ဆေးခန်းတွေ ဇယားရှုပ်တယ် ဘာဖြစ်တာလဲ ဘာလဲ ဆိုရင် ငါနဲ့ ထပ်ကွိုင်နေလိမ့်မယ်'

ပြောတာလည်း ဟုတ်နေတာမို့ မျက်နှာနုနုလေးမှာ ဒဏ်ရာဖြစ်နေတာကို ငေးရင်း သက်ပြင်းချမိသည်။ သူ့မှာသာ လွမ်းမျက်နှာလေးမှာ ဒဏ်ရာထင်သွားမှာကို ဂရုတစိုက် အရေးတယူ ပြုနေသော်လည်း လွမ်းတို့က မျက်နှာက ဒဏ်ရာ ဆိုတာကို အရေးကို မလုပ်ပါချေ။

'လွမ်း ငါက နောက်တစ်ပတ်ဆို အလုပ်ရပြီကွာ မင်းနေ့တိုင်း စိတ်မထင်ရင် ရန်ဖြစ်နေလို့ ရမလား'

'ငါ့ကို ပူမနေနဲ့ မင်းဖာသာ မင်းသာ စိတ်ပူစမ်းပါ'

ပြောရင်း စီးကရက်ကို မီးညှိပြီး ရှိုက်ဖွာတော့ သူစိတ်ပျက်လက်ပျက် ဖြစ်မိသည်။ တော်ပါသေး၏။ ကွမ်းမစားတတ်တာပဲ ကျေးဇူးတင်ရမလိုလို၊

မဖြစ်သင့်သော သုံးပွင့်ဆိုင်Where stories live. Discover now