မဖြစ်သင့်သောသုံးပွင့်ဆိုင် (အပိုင်း-၆)

646 53 2
                                    

မဖြစ်သင့်သောသုံးပွင့်ဆိုင် (အပိုင်း-၆)

@@@@@@@@@@@@@@@@

'အပေါ်လသာဆောင်မှာ ဂစ်တာ သွားတီးရအောင်'

ဂစ်တာတီးရအောင်လို့ ခေါ်လိုက်ပေမယ့် တကယ်တမ်း ဂစ်တာ တီးမယ်ဆို သူက လွမ်းလောက်တော့ မကျွမ်းကျင်၊

'သွားလေ ငါလိုက်လာမယ် နွေဦးလိုက်အုံးမလား'

'လိုက်မယ်'

'ဘေးကနေ ငြိမ်ငြိမ်လေး လိုက်လာနော် အပေါ်ထပ်ကျရင် မဆိုင်တာ သွားမထိနဲ့'

'ဟုတ်'

အပေါ်ထပ်ကို ရောက်တော့ အလွမ်းတို့အိမ်ရဲ့ ခမ်းနားမှုကို ပိုမြင်ရ၏။ အလွမ်းနေတဲ့ ဒုတိယထပ်မှာက ဆိုဖာတွေ ဆက်တီတွေသာ ထားထားပေမဲ့ အပေါ်ထပ်မှာ ကျတော့ ကျွန်းထိုင်ခုံတွေကို ကနုတ်တွေထိုးထားပြီး ထည်ဝါလှ၏။ ပြီးတော့ ပန်းကနုတ်ခြယ်ထားတဲ့ အလှပန်းအိုတွေ၊ နင်းလိုက်တာနဲ့ ခြေဖျားတွေ မြှပ်ဝင်သွားတဲ့အထိ အိစက်နေတဲ့ ကော်ဇောတွေ၊ အလှမွေးရွှေငါး ပုံစံလေးရှိတဲ့ ပန်းပုရုပ်လေးမှာ ငါးရဲ့ မျက်လုံးတွေက သက်ဝင်လှပ လွန်းတာမို့ လက်နဲ့တို့ကြည့်ဖို့ လက်လှမ်းလိုက်မိ၏။

'ဟေ့! အား!!'

နွေဦးလက်ကို အကြမ်းပတမ်း ဖယ်ထုတ်ခံလိုက်ရပြီး လွမ်းက တစ်ချက် တုန်ခါသွား၏။ ပြီးတော့ တစ်ခုခုက ဆောင့်တွန်းလိုက်သလို ကော်ဇောပေါ် ပစ်ကျသွားသည်။

'လွမ်း ရရဲ့လား အဆင်ပြေလား ဗို့အား ဘယ်လောက် ချိန်ထားတာလဲ'

မူးမိုက်ပြာဝေ နေဟန်ရှိတဲ့ အလွမ်းကျောကို ဆောင်းက ပွက်သတ်ခါပေးရင်း စိုးရိမ်တကြီး မေးလိုက်သံကြားမှ သူမ အမှားတစ်ခု လုပ်မိပြီမှန်း နားလည်လိုက်သည်။ ပြီးတော့ သူမကိုယ်စား ဝင်ရောက် ခံစားပေးသွားတာက အလွမ်း၊ အတန်တန် မှာထားရက်နဲ့လို့ မပြောနိုင်ပဲ မျက်နှာတွေ ရှုံ့မဲ့လျက် ဖင်ထိုင်ရက် လဲကျနေရာမှ ထထိုင်ဖို့သာ ကြိုးစားနေတဲ့ အလွမ်းမျက်နှာက နီမြန်းလျက်၊

'နွေဦး ငါတို့အလကား မင်းကို သက်သက် နောက်နေတာ မဟုတ်ဘူး တောက်ကွာ! မင်း'

မဖြစ်သင့်သော သုံးပွင့်ဆိုင်Where stories live. Discover now