မဖြစ်သင့်သော သုံးပွင့်ဆိုင် (အပိုင်း-၇)

550 41 0
                                    

မဖြစ်သင့်သော သုံးပွင့်ဆိုင် (အပိုင်း-၇)

@@@@@@@@@@@@@@@@@

နာရီကို ကြည့်လိုက်တော့ ရှစ်နာရီအတိ၊ လွမ်းကားရပ်လိုက်တဲ့ နေရာကို ကြည့်တော့ အန်တီနှင်းရဲ့ ဆိုင်ရှေ့မှာ၊ လွမ်းက ကားပေါ်က ပြေးဆင်းသွားပြီ ပိတ်ထားတဲ့ တံခါးနားရှိ ကင်မရာရှေ့မှာ ရပ်ကာ

'အထဲမှာ လူတွေရှိနေတာ သိတယ် တံခါးလာဖွင့်'

ကင်မရာနားမှာ လက်ထောင်ပြရင်း အော်နေတော့ တံခါးက လျောခနဲ ပြန်ပွင့်လာ၏။ လွမ်းက ဒုတိယထပ်သို့ တောက်လျှောက်တက်သွားပြီး လာကြိုတဲ့ မမျိုးကို

'မမျိုး လွမ်း လက်စွပ်တွေ ကြည့်ချင်လို့'

'လက်စွပ်ကောင်တာက အရောင်း ဝန်ထမ်းတွေ ပြန်ကြတော့မှာ အလွမ်းရဲ့'

'အာ့ဆို မမျိုး လိုက်ပြလေ မကြာပါဘူး ဒီဇိုင်းတွေ ဘာတွေရွေးမနေဘူး နှစ်သိန်းနဲ့ နှစ်ကွင်းလောက်အောင် လုပ်ပေး'

မမျိုး မျက်နှာ အီလည်လည် ဖြစ်သွားမိပြီး

'လွမ်းရယ် နှစိသိန်းတည်းနဲ့ နှစ်ကွင်း ဘယ်လိုရမှာလဲ ပါးပါးသေးသေးလေးတွေ ဖြစ်နေမှာပေါ့'

'ရတယ် စွပ်လို့ရရင် ပြီးရော'

'လက်စွပ် ဘာလုပ်မလို့လဲ လွမ်း'

'စွပ်မလို့'

'လွမ်းရေ လက်တိုင်းက ဘယ်လောက်လဲ'

'ဆောင်း လာခဲ့'

လာခဲ့ဆိုပြီး သူ့လက်ကိုဆွဲလျက် လက်စွပ်ကို စွပ်ပေးတော့ မမျိုးကို မျက်နှာပူသွားမိသည်။

'ဘာလို့ ငါ့လက်နဲ့ တိုင်းတာလဲ'

'မင်းအတွက်မို့လို့လေ စကားမများနဲ့ ဒီမှာ မတော်ရတဲ့ ကြားထဲ'

မတော်ရတဲ့ကြားထဲ ဆိုတာကို ပါးစပ်နဲ့သာ မဟုတ် ကွင်းသေးသေး လက်စွပ်လေးကို သူ့လက်ချောင်းထဲသို့ အတင်းမရမက ထိုးစွပ်နေ၏။

'အား နာတယ်ဟ လွမ်း မရဘူး မစွပ်နဲ့တော့'

သူ့ကို တစ်ချက်တောင် လှည့်မကြည့်ပဲ

'မတော်လို့မရဘူး ငါ့မှာပိုက်ဆံ မရှိဘူး သေးသေးလေးလည်း တော်ရမှာပဲ'

မဖြစ်သင့်သော သုံးပွင့်ဆိုင်Where stories live. Discover now