Chapter 53

1.8K 151 63
                                    

Beam P.O.V

အဲ့နေ့ကဖြစ်တဲ့အဖြစ်အပျက်ပြီးသွားတဲ့အခါရလဒ်က
P Ben ထောင်ဆယ်နှစ်ကျတယ်။Nine ကတော့ကြံရာ ပါအနေနဲ့၂နှစ်သာကျတယ်။Mr Kenနဲ့သူ့တဖွဲ့လုံးကို ဖမ်းဆီးရမိပြီးတော့Mr Kenကထောင်အနှစ်၂၀ကျ ခဲ့တယ်။

P Ben တို့ကိုစီရင်ချက်ချတဲ့နေ့ကကျွန်တော်တို့မိသားစု ၃ယောက်လုံးတရားရုံးကိုသွားခဲ့ကြပါတယ်။သူအမိန့်ချပြီးလို့ထောင်ထဲမ၀င်ခင်သူ့သားဖြစ်တဲ့Terလေးကိုချီပွေ့စေချင်တာကြောင့်ပါ။

P Forth ကိုယ်တိုင်ကလိုလိုလားလားနဲ့လိုက်ပို့ပေးခဲ့ တာပါ။အဲ့ကိစ္စတွေအားလုံးပြီးလို့ကျွန်တော့ကျောင်းစာမေးပွဲအပြီးမှာကျွန်တော်တို့နဂိုစီစဉ်ထားတဲ့အတိုင်းJapanကိုကျွန်တော်နဲ့P Forth နဲ့ Honeymoon သွားခဲ့ တယ်။

Honeymoon ကပြန်ရောက်ပြီးတော့နောက်တရက် P Forth Paa အိမ်မှာပို့ထားတဲ့Terလေးကိုသွားပြန် ခေါ်ရင်းနဲ့ပါလာတဲ့လက်ဆောင်တွေပေးဖို့သွားလိုက်ကြတယ်။အိမ်ထဲဝင်သွားတာနဲ့ သူ့အဘိုးနဲ့ဆော့နေတဲ့ Terလေးကကျွန်တော့ကိုတွေ့တာနဲ့ပြေးလာတယ်လေ။

"Paaaa"

Beam-"Ohhh Paa သားလေးPaa ကိုလွမ်းနေပီ လား"

လုံးတုံးတုံးလေးပြေးလာတဲ့ Terလေးကိုကောက်ချီပြီး တော့သူ့ပါးဖောင်းဖောင်းလေးကိုနမ်းလိုက်ရင်းမေးလိုက်
မိတော့ကျွန်တော့ပုခုံးပေါ်ခေါင်းလေးတင်လာပြီးတော့ "လွမ်းတယ်၊အများကြီးအများကြီးပဲ"တဲ့။

ဧည့်ခန်းကဆိုဖာမှာဝင်ထိုင်လိုက်ပြီးတော့သူ့ကိုပေါင်ပေါ်တင်ထားရင်းနဲ့သူ့အဖြေလေးကြောင့်သဘောတကျရယ်မိတယ်။

"Paa ..Terလေးကိုထိန်းပေးထားလို့ကျေးဇူးတင် ပါတယ် Paa ။ဒီရက်တွေသူ့ထိန်းရတာနဲ့မောနေမှာပေါ့"

Forth Paa-"မြေးထိန်းရတာမပင်ပန်းပါဘူးကွာ။အရင် ကဒီထက်ပိုပင်ပန်းတဲ့အလုပ်တွေတောင်လုပ်ခဲ့သေးတာပဲ။ခုမင်းတို့ငါ့မြေးTerလေးကိုပြန်ခေါ်သွားတော့မယ်ဆို
တော့ဒီအဘိုးကြီးအရင်လိုယောင်ချာချာပြန်ကျန်ခဲ့တော့မှာပေါ့ကွာ"

ကျွန်တော်ရော P Forth ရော Paa ရဲ့စကားကြောင့် စိတ်မကောင်းဖြစ်မိသွားတယ်။ကျွန်တော်တို့လဲဒီအိမ်မှာ
လာမနေနိုင်ဘူးကိုး။ကျွန်တော်နဲ့P Forth တယောက် မျက်နှာတယောက်ကြည့်နေတာကိုတွေ့တော့ P Forth Paa က

တွဲလက်မခွဲစတမ်းWhere stories live. Discover now