ဘဝခြင်းခြားပါစေ...ချစ်မှာ(5)(Z+U)

613 69 12
                                    

အိမ်ရှေ့စံမင်းသားလေးက လိုက်လျောလေလေ ကမ်းတက်လေဖြစ်နေပြီ

အခုလည်း မင်းကြီးကို ဘာတွေ သွားလျောက်တင်ထားသည်မသိ

~~မင်းသားလေး အိပ်ယာမနိုးခင် ရောက်နှင့်နေပြီး မင်းသားလေး အိပ်ယာဝင်ပြီးချိန် အိပ်ပျော်သွားမှ ကိုယ်ရံတော် တာဝန်ချိန်ပြီးဆုံးမည်ဟု အမိန့်ချမှတ်လိုက်ပါပြီ~~

မင်းသားလေးရဲ့ သွေးကို သောက်သုံးချင်နေသည့်သူ့ရဲ့စိတ်ကို ထိန်းချုပ်ရတာ ဘယ်လောက်ထိ ပင်ပန်းခက်ခဲလွန်းလှသည်ဆိုတာ မည်သူမျှသိနိုင်မယ် မထင်ပါ

မင်းသားလေးရဲ့ နန်းဆောင်သို့ သူရောက်လာသည့်အချိန် မင်းသားလေး အိပ်ယာမနိုးသေး နန်းဆောင် ပြတင်းပေါက်ခန်းဆီးလေးများကို ဆွဲဖယ်လိုက်ချိန် အတွေးတို့က ဟိုးအတိတ်ဆီသို့....

"ဖမ်းချုပ်ထားလိုက်တော့"

"ဟုတ်ကဲ့...မင်းကြီး"

လူသားတွေရဲ့ မာယာလှည့်ကွက်တွေကြား သူနှင့်ကြင်ရာတော် Xiao Lu ရှုံးနိမ့်သွားခဲ့ရပြီ သူတို့နှစ်ယောက်ကို မဟူရာတပ်ကြီးက ၀ိုင်းထားပါသည်။

သူ့ရဲ့လက်နှစ်ဘက်အား ၀ံပုလွေအမွှေးဖြင့် ပြုလုပ်ထားသော မိစ္ဆာဖမ်းချည်ကြိုးဖြင့် ချည်နှောင်လိုက်သောကြောင့် မည်သို့မှ ရုန်းမရနိုင်တော့...

"ကလေးကို ခေါ်လာပြီ အိမ်ရှေ့မင်းသား..."

သမားတော် Kim Jongdaeသည် လသားအရွယ် ကလေးသူငယ်လေးတယောက်ကို ပွေ့ချီလျက် မိစ္ဆာဇနီးမောင်နှံအား ဖမ်းချုပ်ထားသော ဂူအတွင်းထဲသို့ ၀င်လာခဲ့ပါသည်။

"ဟာ!! ကလေးကို ဘာဖြစ်လို့ ဒီထဲခေါ်လာခဲ့တာလဲ"

အိမ်ရှေ့မင်းသားလေး Do Junmyeon၏ လေသံက ဒေါသအရှိန်ကြောင့် ဟိန်းထွက်သွားခဲ့ပါသည်။

"စိုးရွံမိပါတယ်မင်းသား ကျွန်တော်မျိုး သေသင့်ပါတယ်"

သမားတော်ကြီးလည်း ကလေးလေးကို ပွေ့ချီလျက် အိမ်ရှေ့မင်းသားအရှေ့တွင် ဒူးထောက်တောင်းပန်လိုက်ပါသည်။

"ဘာတွေအရေးကြီးလို့ ဒီအထဲထိ လိုက်လာခဲ့ရတာလဲ သမားတော်ကြီး"

ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}Where stories live. Discover now