ဘ၀ခြင်းခြားပါစေ...ချစ်မှာ(11)(Z+U)

499 59 6
                                    

“ကဲ!!ကိုယ်ရံတော်Kim, ဦးရီးတော် လာမှာမလို့ ငါနန်းတော် ဧည့်ခန်းဆောင်ကို သွားရဦးမယ်"

မင်းသားလေးက အိပ်ယာကြီးရဲ့ နံဘေးတွင် ပုံကျနေသော ၀တ်ရုံလွှာများကို ကောက်ဝတ်လိုက်ပြီး သူအိပ်နေသော အိပ်ယာအစွန်တွင် ၀င်ထိုင်ရင်း ပြောသည်။

သူလည်း ခေါင်းကို လက်ဖြင့်ထောက်၍ အိပ်ယာထဲ လှဲလျက်နှင့်ပင် မျက်စိရှေ့မှာ ရှိနေတဲ့ အိမ်ရှေ့စံမင်းသားလေးကို တစိမ့်စိမ့်ကြည့်နေမိပါတယ်

“ကျုပ် လိုက်ခွင့်မရှိဘူးလား မင်းသားလေး"

“ဦးရီးတော်နဲ့ သွားတွေ့မှာမလို့ပါကွယ် ဒီနေ့တော့ မလိုက်ခဲ့ပါနဲ့တော့နော်"

“မင်းသားလေးကို စိတ်မချဘူး"

“အဟင်း...ဟင်း...ဟင်း...ဟင်း!!အဲ့ဒါတော့ ကိုယ်ရံတော်Kim ပိုသွားပြီထင်တယ်"

“ကျုပ်တကယ်ပြောနေတာမင်းသား...! ဦးရီးတော်က မင်းသားလေးကို အိမ်ထောင်ရက်သားချပေးတော့မယ်ထင်တယ်"

“အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သောကမရောက်ပါနဲ့ ကိုယ်ရံတော်Kimရယ် ငါ့ရဲ့ အသက်နဲ့ခန္ဓာမြဲနေသရွေ့ မင်းကလွဲပြီး ငါ့ကိုဘယ်သူမှမပိုင်ရဘူး"

“ကျုပ်ယုံချင်ပါတယ် မင်းသားရယ်..."

“အဲ့ဒါ ငါ့ရဲ့သစ္စာပဲ ကိုယ်ရံတော်Kim"

“အဲ့ဒီလို ဆိုရင်တော့ ကျုပ်ဝမ်းသာရမှာပေါ့..."

“ဒါပေမဲ့ ကိုယ်ရံတော်Kimကတော့ ငါ့ထက်ချစ်ရမဲ့သူ ရှိလာခဲ့ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် မင်းရဲ့ကြင်ရာတော်ကို ပြန်တွေ့ရင်ပဲဖြစ်ဖြစ် ငါ့ကိုထားသွားနိုင်ပါတယ်"

မင်းသားလေးဆီက ထိုစကားများကြားရတော့လည်း သူစိတ်မကောင်းပါ

“ကျုပ်တကယ်စိတ်မကောင်းပါဘူး...ကျုပ်ဘက်က မင်းသားကို ဘာကတိမှ မပေးနိုင်သေးတာတော့ မင်းသားလေးကပဲ နားလည်ပေးပါနော်"

“ငါနားလည်ပါတယ်ကိုယ်ရံတော်ရယ်...ကဲ... ကဲ ငါ့ကိုပြင်စရာရှိတာ ပြင်ဆင်ပေး သွားတော့မယ်"

“ကောင်းပါပြီ မင်းသားလေး"

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}Where stories live. Discover now