ဘဝခြင်းခြားပါစေ...ချစ်မှာ(10)(Z+U)

551 56 3
                                    

နန်းဆောင်ထဲဝင်လိုက်သည်နှင့်

“မင်းသားလေး မင်းသားလေးရယ် စိတ်ပူလိုက်ရတာ"

ကုန်းကုန်းက သူတို့ဝင်လာသည်ကို မြင်မြင်ခြင်း ပြေးထွက်လာပြီး မင်းသားလေးကို တွဲလိုက်ပါသည်။

“ရတယ် ရတယ် ကုန်းကုန်း!!ကျုပ်ပဲ ပွေ့ခေါ်လာခဲ့ပါ့မယ် ကုန်းကုန်းနဲ့ အပျိုတော်တွေက မင်းသားလေးရေချိုးဖို့ပဲ စီစဉ်ပေးပါ"

“ဟုတ်ကဲ့ ကောင်းပါပြီ ကိုယ်ရံတော်ကြီး"

“ဟဲ့!!အပျိုတော်ယန်းနဲ့ အပျိုတော်ယွန်း မင်းသားလေးရေချိုးဖို့ လုပ်ကြလေ"

“ဟုတ်ကဲ့ပါ ကုန်းကုန်း"

ကုန်းကုန်းလေးနှင့် အပျိုတော်တွေ အပြင် ထွက်သွားမှ

“ကိုယ်ရံတော်Kim"

“ဟုတ်ကဲ့ အမိန့်ရှိပါ မင်းသားလေး"

“ငါရေချိုးရင်!!!!"

ကိုယ်ရံတော်Kimက သူ့နှုတ်ခမ်းလေးကို လက်ညှိုးလေးဖြင့် ထိကပ်လာပြီး ပိတ်ပေးလိုက်သောကြောင့် ပြောမည့်စကားများ မပြောဖြစ်တော့

ဘာကြောင့် သူ့ပါးစပ်ကို ပိတ်တာလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်နေသည့် မင်းသားလေးရဲ့ အကြည့်ဝိုင်းဝိုင်းလေးတွေကြောင့် တချက်ပြုံးလိုက်ပြီး

“မပူပါနဲ့ မင်းသားလေးရယ် မင်းသားလေး ပြောချင်တဲ့စကားတွေကို ကျွန်တော်မျိုးသိပါတယ် ဒီနေ့ကစပြီး မင်းသားလေးရဲ့ ဝေယျာဝစ္စမှန်သမျှ ဘယ်သူမှမလုပ်စေရဘူး ကျွန်တော်မျိုးပဲ လုပ်ပေးပါ့မယ်"

“ငါမင်းကိုချစ်တယ် Kim Jongin... အရမ်းချစ်တာပဲ"

“အဲ့ဒါကိုလည်း ကျုပ်သိနေပါတယ်... ဘာဖြစ်လို့လဲဆိုတော့ အခုမင်းသားလေးဖြစ်နေတဲ့အတိုင်း ကျုပ်ရင်ထဲမှာလည်း ဖြစ်နေလို့ပေါ့"

“jonginရယ်………………"

သူ့နာမည်လေးကို တိုးတိုးခေါ်ရင်း ရင်ခွင်ထဲ တိုးဝင်လာတဲ့ မင်းသားလေးကို ပြန်လည်ဖက်တွယ်ထားမိသည်။

ရှေ့ဆက်ရမဲ့ခရီးလမ်းဟာ ပန်းခင်းထားတဲ့လမ်းမဟုတ်မှန်း သိနေပေမဲ့လည်း…………

ဘ၀ခြင်းခြားပါစေ ချစ်မှာ {COℳPℓξፐξD}Where stories live. Discover now