Part 7

1.3K 78 0
                                    

သူခင်းသောလမ်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူခင်းသောလမ်း

အပိုင်း(၇)

#သူခင်းသောလမ်း

"ဟေ့ကောင်..ထွက်အုံးလေ..နင်..စာေးသာက်ဆိုင်နဲ့ မှားနေတာလား.."

စိမ်းမြ တံခါးကိုထုပြီးပြောတော့မှ..

ဒီဒီမျက်နှာကို လက်ဝါးနဲ့ သပ်လိုက်သည်..

ဂျာကင်ကို မျက်နှာမှာ အုပ်ပြီ့း ရှိုက်ငို ထားလို့ ဂျာကင်တစ်ခုလုံးလည်း ရစရာ မရှိ...။

တံခါးဖွင့်ပြီး ထွက်လိုက်တော့ စိမ်းမြ က သေချာ လိုက်ကြည့်ပြီး..

"ဟေ့ကောင်..ငိုနေတာလား.."

"အေး..."နှာခေါင်းပိတ်နေတော့ ပြောလိုက်တဲ့ လေသံက ညောင်နာနာ အသံ ထွက်လာသည်..။

"ကျွတ် ..မျက်ရည်ထွက်လို့ ၀လည်း..မျက်နှာ သစ် ဒိုးမယ်.."

"ဘယ်လည်း.."ဒီဒီ မျက်နှာာ သစ်ရင်း မေးလိုက်သည်..။

"ကလပ်မှာ ပါတီတဲ့.."

"အင်း..ညစ်နေတာ ဒိုးမယ်..."

စိမ်းမြနဲ့ လိုက်သွားပြီး..နည်းနည်း ကဲ လိုက်တော့ လူက လန်းသွားသည်..။

"အွန်း. နင့် အမေ က ကြည်ပါ့မလား.."

"မကြည်လောက်ဘူး.."စိမ်းမြကလည်း အားပေးရှာတာ အဲလို..

အရင်က ဂရုမစိုက်ခဲ့ပေမဲ့ အခု ကိုယ်က သူ့ အိမ်လိုက်ကပ်နေရမှာမို့လို့ ကြောက်သလိုလို..

အိမ်ရှေ့မှာ ကား ရပ်လိုက်တော့..စိမ်းမြက ဖုန်းလှမ်းပေးသသည်..။

"နားကြပ်တပ်ထား..'ပြောပြီး သူလည်း နားကြပ်တက်ပြီး ပီကေ ၀ါးရင်း ဆင်းသွားသည်..။

"စိမ်းမြမြ...ဒါ မိန်းမကောင်း အိမ်ပြန်တဲ့ အချိန်လား.."နားကြပ်ထဲက ဒီဂျေသံကို ဖောက်ထွက်ပြီး ၀င်လာတဲ့ အသံမို့လို့ ဒီဒီ ခြေလှမ်းတွေ ရပ်တန့်သွားရသည်..။

သူခင်းသောလမ်း (Complete) Where stories live. Discover now