Part 26

1.3K 69 1
                                    

သူခင်းသောလမ်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

သူခင်းသောလမ်း

အပိုင်း(၂၆)

#သူခင်းသောလမ်း

"ဂျွန်..ရေ..ဂျွန်..ရှော့ပဲ.."

သူရ ပြေးဝင်လာကတည်း က ပြသာနာ တကယ်မဟုတ်ဘူးဆိုတာ သိပါသည်..။

သူရ တို့ ပါးစပ် က ကြောင်နှစ်ကောင်ကိုက်လည်း သူ့ အတွက် ရှော့...။

"ဒီမှာ ကြည့်စမ်း.."

သူရ လှမ်းပေးနေတဲ့ အိုင်ပတ်ကို စိတ်မ၀င်စားသလို လှမ်းယူပြီး ကြည့်လိုက်သည်..။

"တက်သစ်စ မော်ဒယ် လေစီ နဲ့ နာမည်ကြီး ကင်မရာ မန်း ဘယ်လိုတွေ ပတ်သက်နေကြလည်း.."

ခေါင်းစဉ် အောက်က ပုံက...

သွားပြီ..ဒီဒီ...။

.

"မပြောဘူးလား..ပြီးသွားမှာပါလို့.."

"ဒါပေမဲ့ မဟုတ်က ဟုတ်က စွပ့်စွဲ ခံရတာ..."

"သည်းခံလိုက်ပါ ဒီဒီ ရယ် အခုလည်း ပြီးသွားပြီပဲ .."

ဒီဒီ ကို မိတ်ကပ်လိမ်းနေတဲ့ မာမီ က လည်း ၀င်ပြောလို့ ဒီဒီ ငြိမ်နေလိုက်ရတော့သည်..။

"ဒီနေ့ မင်းသား ငွေလရောင်နဲ့ အကျီ င်္ ကြော်ငြာ ရိုက်ရမှာ နော် ကလေး.."

"ဟင်..ယောင်္ကျားလေးတွေ နဲ့ မ၇ိုက်ပါဘူးဆို.."

"အော်..ငွေလရောင်ပါဆို ပြီးတော့ ပိုတို ပဲ.."

"ဟွန့် ငွေလရောင် ဆိုတော့လည်း..."ဒီဒီ ခေါင်းစောင်းနေတော့ မာမီက ပြန်တည့်ပြီး..

"လက်ခံမယ် ဆိုပါတော့ .."

"ဟီး..ဟီး.."

နာမည်ကြီး အကျီ င်္ တံဆိပ်မို့ ကြော်ငြာ ရိုက်ချိန် ကြည်နူးမိသလို မင်းသားငွေလရောင်နဲ့ စကားပြောရတော့ ဒီဒီ မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရသေးသည်..။

သူခင်းသောလမ်း (Complete) Where stories live. Discover now