*Microဖြင့်ခိုးချနည်း*

1.2K 175 83
                                    

Title လေးမြင်တော့ ငချန်းတစ်ယောက်မဟုတ်တာတွေတင်ပြီလို့ ထင်သွားလား? မထင်ပါနဲ့ကွာ ... ကိုယ်တင်ပေးမှာ အစစ်အမှန်တွေဗျ။(လက်တွေ့)

Micro ဆိုတာကို ရင်းနှီးကြမှာ တက္ကသိုလ်ကျောင်းသားတွေပဲထင်ပါတယ်။ Micro ဆိုတဲ့စကားလုံးက တကယ်တော့ ငါးလုံးတည်းပေမယ့် သိပ်ကိုလေးနက်ပါတယ်။ Micro နဲ့ခိုးချချင်သူတွေဟာလည်း ရှိသင့်ရှိထိုက်တဲ့ပညာပါရမီတွေနဲ့ ပြည့်စုံမှဖြစ်မှာပါ။

(၁) သင်Microကူးမည့်သူလား...။

အိုခေ...ဒီအကြံခေါင်းထဲဝင်လာပြီဆိုတာနဲ့ သင်မျက်နှာပြောင်တိုက်နိုင်ရပါမယ်။ အရှက်အကြောက် ရှိနေပြီလား ... Yeah~ စာသာသွားကျက်လိုက်ပါတော့။

(၂) မိတ္တူကူးဆိုင်တွေအနက် ဈေးပေါတဲ့ဆိုင်လည်းဖြစ်ပြီး ကြည်လင်စွာ ကူးပေးနိုင်တဲ့ဆိုင်ကိုရှာဖွေနိုင်ရပါမယ်။ (ဘာကြောင့်လဲဆိုတော့ များများကူးရမှာဖြစ်လို့ microဖိုးနဲ့ မမွဲစေချင်တာ ကိုယ့်စေတနာ။)

(၃) Micro ကူးမလို့ ဆိုတဲ့စကားကို မျက်နှာတစ်ချက်မပျက်ဘဲ ရဲရဲဝံ့ဝံ့ ပြောနိုင်ရပါမယ်။
(ကိုယ်ဆို First time မှာ စပ်ဖြဲဖြဲပေမယ့် Second time ကစပြီး ခပ်ချေချေပဲ ဟင်း~~)

(၄) သင် micro ကူးမယ့်စာက မှန်ကန်ပါစေ။

ဒီလေးချက်နဲ့ သင်ဟာကိုက်ညီရင် micro ကိုအလွယ်တကူကူးနိုင်ပါပြီ။ အဲ ~~ ခိုးချနည်းတော့ကျန်သေးတယ်ဗျ။ မပူနဲ့ ... Steven Cheng က ပို့မယ့်ပို့ ကူးတို့ရောက်တဲ့အထိ ပို့ပေးမှာ ။ ( နောက်မှ အဆဲခံမယ် xD ) သူများကျောင်းတွေတော့ မပြောတတ်ဘူး။ ကိုယ့်ကျောင်းမှာတော့ ဆရာမတွေက စာမေးပွဲခန်းထဲဝင်ရင် တက္ကသိုလ်ဝင်တန်းဖြေတုန်းကလို အတွင်းခံတွေထဲကအစ နှိုက်နှိုက်ချွတ်ချွတ်မစစ်ဘူး။ တကယ်လို့ အစောင့်မကြပ်ရင်တော့ micro ကို လက်ကနေပဲဖွက်ကိုင်သွားပါ။ ကြပ်နေရင်တော့ အင်္ကျီလက်ကြားတွေထဲ၊ ပုဆိုးခါးပုံစကြား၊ ဘောပင်အိတ်နဲ့ ဆံပင်ရှည်သူတွေဆိုရင် နားကြားတွေထဲ ထိုးထည့်ယူသွားနိုင်ပါတယ်။

ကဲ ... အခန်းထဲစဝင်တာနဲ့ သင်ဟာ အတော်ဆုံးစံပြကျောင်းသားဖြစ်တဲ့ပုံစံနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ခပ်ချေချေသာဝင်ခဲ့ပါ။ ကိုယ့်ကိုယ်ကို ဘယ်နေရာလာမေးမေးရပြီးသား ဆိုတဲ့အထာနဲ့နေပါ။ သင့်နေရာကို ဝင်ထိုင်ပြီးပြီဆိုတာနဲ့ လက်လေ့ကျင့်ခန်းစလုပ်ကြပါစို့။ Micro တွေကို အခန်းစောင့်ဆရာမတွေ မသိအောင် 75% slow နှုန်းနဲ့ထုတ်ပြီး လက်ထဲ micro ရောက်တာနဲ့ ပုဆိုးကြား သို့မဟုတ် ထဘီကြားထဲထည့်ပြီးပေါင်ကိုစေ့ထိုင်ပါ။

Htwe Yar Lay Par...Tahanan ng mga kuwento. Tumuklas ngayon