Author's Note

48.2K 1K 13
                                    

စာရေးသူ၏အမှာစာ

ကိုယ့်ဘဝမှာ (၁၆) ကျောင်းနဲ့ ပတ်သတ်ရင်သံယောဇဉ်ကြီးသလို၊ ကျောင်းနဲ့ပတ်သတ်တဲ့အမှတ်တရတွေလည်းအတော်များခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ စာစရေးဖို့အိပ်မက်စမက်ဖူးတဲ့အရွယ်မှာ ကျောင်းနဲ့ပတ်သတ်တဲ့ဇာတ်လမ်းလေးစရေးဖို့ရည်ရွယ်ဖြစ်ခဲ့တယ်။ ကိုယ်ချစ်တဲ့အထက်တန်းကျောင်းလေးမှာ စတင်တဲ့ ရင်ခုန်တတ်စအရွယ်နှလုံးသားလေးတွေစပြီးလှုပ်ခတ်လာတဲ့အရွယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြူစင်တဲ့အချစ်တွေပါဝင်ပါတယ်။ ပြောရရင်တော့ဒီဇာတ်လမ်းလေးက သိပ်ကိုရိုးရှင်းပါတယ်။ အဲ့ဒီလိုပဲ ဇာတ်ကောင်လေးတွေဖြစ်တဲ့ ရှိန်း၊အာကာ၊ကိုထက် စတဲ့ ဆယ်ကျော်သက်ကောင်လေးတွေရဲ့အချစ်တွေက သိပ်ကိုရိုးရှင်းပေမယ့်လည်းဖြူစင်ကြပါတယ်။

ကျွန်တော်တို့ဘဝမှာတစ်ခါလောက်တော့ အချစ်ကိုရူးသွပ်ဖူးခဲ့ကြတာပါပဲ။ အဲ့လိုရူးသွပ်မှုတွေက ကိုယ်အပြင်တစ်ခြားသောကိုယ့်ကိုချစ်တဲ့သူတွေကိုထိခိုက်လာရင်တော့ ဒီရူးသွပ်မှုက ကောင်းမွန်သောရူးသွပ်မှုမဖြစ်နိုင်တော့ဘူးမဟုတ်လား။
ဒါပေမယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကဆန့်ကျင်တဲ့ ချစ်ခြင်းမေတ္တာတွေက်ိုရော ယုံကြလား။

မင်းလုပ်သမျှ ကျေနပ်သည် ဟာ အရောင်မလှသေးတဲ့ပန်းချီကားတစ်ချပ် ဆိုပါစို့ ကိုယ့်ရဲ့ အသက် ဆယ့်ခြောက်နှစ်သားလက်ရာ ဖြစ်တဲ့ မသေမသပ်ဖြစ်နေတဲ့ ပန်းချီကားလေးကို လှလှပပလေးနဲ့ စုတ်ချက်တိုင်းကို သေချာလေးကောင်းပြီး လှအောင် လိုနေတာတွေဖြည့်၊ ပိုနေတာတွေလျော့ အဆင်ပြေနေတာတွေကို ပိုကောင်းအောင်ပြင်ပေးတဲ့ ကိုယ့်ဆရာ မေကင်း @maykingကိုဒီကနေပဲ ကျေးဇူးတင်လိုက်ပါရစေ...။

ဒါဟာ ကိုယ့်ရဲ့ ပထမဆုံးသောခြေလှမ်းပါ။ ပထမဆုံးဆိုတာရှိမှ နောက်ထပ်သောခြေလှမ်းတွေလှမ်းနိုင်မှာမဟုတ်လား။ နောက်ပြီး ပထမဆုံး မှာ ခွန်အားတွေရှိနိုင်မှာ နောက်ခြေလှမ်းတွေကိုအားအပြည့်နဲ့လှမ်းနိုင်မယ်လေ။ ဒါကြောင့်စာဖတ်သူတွေက ကိုယ့်ကိုပုဂ္ဂိုလ်ရေးအရခင်မင်တာမဟုတ်ဘဲ ဇာတ်လမ်းထဲက ရှိန်း၊အာကာ စတဲ့ ဇာတ်ကောင်လေးတွေကို ချစ်ပြီးတော့ အားပေးရင်ကိုကျေနပ်နိုင်ပါမယ်။

ဒီဝတ္ထုဖြစ်မြောက်ရေးအတွက်ကို အဘက်ဘက်ကနေကူညီပေးကြတဲ့သူတွေကိုကျေးဇူးတင်ပါတယ်အထူးသဖြင့် ဆေးပညာအကြောင်း ပြောပြပေးတဲ့ ဒေါက်တာဉာဏ်ဖုန်းမြင့်၊ အဖုံးပန်းချီအတွက်ကူညီပေးတဲ့ Felix & Rio က်ု ကျေးဇူးအများကြီးတင်ပါတယ်။

ဤဝတ္ထုထဲမှာပါဝင်သောဇာတ်ကောင်အားလုံးက စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်တာမို့  ဝတ္ထုပါအကြောင်းအရာများသည် တိုက်ဆိုင်မှုရှိခဲ့လျှင် သို့မဟုတ် အမှားတစ်စုံတစ်ရာများသာ ပါရှိခဲ့လျှင် စာရေးသူ၏အမှားသက်သက်သာမို့ ဒီအမှာစာလေးကနေပဲတောင်းပန်လိုက်ပါရစေ။

လောကမှာရှိတဲ့ အားလုံးသော မိဘနှင့်သားသမီးကကြားကချစ်ခြင်းမေတ္တာတွေ၊ သူငယ်ချင်းတွေကြားက အချစ်တွေ နောက်ပြီး သူစိမ်းနှစ်ယောက်ကြားကရှိတဲ့ ချစ်ခြင်းတရားတွေ စတဲ့ ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေအားလုံးကိုရည်ရွယ်ပါတယ်။

ဆယ်ကျော်သက်အရွယ်ရဲ့ လေးနက်ခိုင်မာတဲ့ချစ်ခြင်းတစ်ခုကို အကောင်းဆုံးခံစားမိပါစေလို့မျှော်လင့်ရင်း...

ချစ်တဲ့

နေသစ်သွေး

မင်းလုပ်သမျှကျေနပ်သည်Where stories live. Discover now