Part (3)

14K 847 17
                                    

ဆရာဦးဖိုးလုံးမနက်ခင်း သင်္ချာကျူရှင်အတန်းက ဆင်းတာနောက်ကျသဖြင့် ရှိန်းတစ်ယောက် ကျောင်းနောက်ကျသည်။ ထို့ကြောင့်ကျောင်းဝတ်စုံကို ကားပေါ်မှာပဲလဲပြီး မနက်စာကို အလျင်စလို စားရသည်။ နာရီကို ကြည့်လိုက်တော့ ရှစ်နာရီခွဲပြီး ငါးမိနစ်တောင်ဖြစ်နေပြီ။ ဒီအတိုင်းဆို ကျောင်းတက်လို့ နိုင်ငံတော်သီချင်းတောင် ဆိုနေလောက်ရောပေါ့။

ထင်သည့်အတိုင်း ရှိန်း ကျောင်းရောက်တော့ အဆမ်ပလီတောင် လုပ်နေကြပြီ။ နိုင်ငံတော်သီချင်းတော့ မဆိုကြသေး။ ရှိန်းအပါအဝင် နောက်ကျသည့် ကျောင်းသားတွေအားလုံး ကျောင်းပေါက်ဝမှာ ရပ်နေကြရသည်။

ထိုစဉ် ကွင်းလယ်တွင် ကိုးတန်းဆရာမများကို လှမ်းတွေ့နေရခြင်းကြောင့် ကိုးတန်းအဆမ်ပလီစီရသောနေ့မှန်း ရှိန်းသိလိုက်ရပါသည်။

ကိုးတန်းအတန်း (၁၀)ခန်း​၏ ရှေ့ဆုံးတွင် ဦးဆောင်သည့် ကောင်လေးမှာ ထက်အာကာစိုးပင်။ ရှိန်း တစ်ယောက် တအံ့တဩဖြစ်နေစဉ် ခပ်ဩဩအသံဖြင့် သူက

"အား လုံး သတိ"

"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား အလေး.. ပြု"
ထိုအသံကြားပြီးသည်နှင့် ကျောင်းသားများအားလုံး နိုင်ငံတော်အလံကို ဦးညွှတ် အလေးပြုလိုက်ကြသည်။

"နေမြဲ"
"ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု"

"နေမြဲ... နိုင်ငံတော်သီချင်း ... စ .. ဆို"

နိုင်ငံတော်သီချင်းကို သံပြိုင်ရွတ်ဆိုပြီး ကမ္ဘာမကြေ ဆ်ိုခါနီးတွင် အင်ကြင်းဆောင်ရှေ့က ဘင်ခရာအဖွဲ့ဆီက ကြက်သီးမွှေးညှင်းထစရာ တီးလုံးသံများကို စကြားရသည်။ (၁၆) ကျောင်း ဘင်ခရာအဖွဲ့ဆိုတာ ဟိုးကတည်းက မြို့ရဲ့ အထင်ကရ ဘင်ခရာအဖွဲ့ တစ်ခုမဟုတ်လား။

နိုင်ငံတော်သီချင်းဆိုအပြီး * သက်သာ* ဟု အော်သံကြားမှ ရှိန်းတို့ ကျောင်းထဲဝင်သွားကြရသည်။ ထိုစဉ် ကျောင်းသားများမှ "မြန်မာ့ကျောင်း" သီချင်းကိုဆက်ဆိုနေကြပါသည်။

ရှိန်းတစ်ယောက် အတန်းခေါင်းဆောင်ပီပီ အတန်းနောက်ကျ၍ ဆရာမဆီမှ ဆူခံထိလိုက်သေး​၏။ ဇွန်လကုန်တွင် ရှိန်းတို့အားလုံး ပထမလပတ်စာမေးပွဲကို ဖြေကြရပါသည်။

မင်းလုပ်သမျှကျေနပ်သည်Where stories live. Discover now