Part (1)

39.1K 1.2K 4
                                    

ထက်အာကာစိုး
သို့မဟုတ်
ရုပ်ရှင်သရုပ်ဆောင် တာရာစိုး။

မန္တလာမြေ....ခေါ် မန္တလေးမြို့။

သည်မြေပေါ် အာကာ့ချစ်ခြင်းတွေအများကြီး ထားရှိခဲ့ဖူးပြီး ထိုအချစ်တွေကို မြေချမြှုပ်နှံခဲ့ဖူးသည်မဟုတ်လား။ သည်မြေမှာပဲ ချစ်ခဲ့၊ မုန်းခဲ့၊ ဒဏ်ရာအနာတရတွေလည်း ရှိခဲ့သူတစ်ယောက်အဖို့ ဇာတိရပ်ခြွေမန္တလာမြေဟာ အစိမ်းသက်သက်မဟုတ်သေးပါချေ။

မနှစ်က ဘွားဘွားတစ်ယောက်ဆုံးခဲ့ပြီ။

ဒက်ဒီနှင့် မာမီတို့ဆီက ဂရုစိုက်မခံခဲ့ရ၊ ရင်နှင့်အမျှ ချစ်ခဲ့၊ငြိတွယ်ခဲ့တဲ့၊ ချစ်သူက စွန့်ပစ်ခံခဲ့ရသူ ဒီလူသားကို ဘွားဘွားတစ်ယောက်ကပဲ စာနာနားလည်ပေးခဲ့သည်။ အခုတော့ ထိုတစ်ဦးတည်းသော အဘွားလည်း မရှိရှာတော့ပေ။

ဒီနေ့ တာရာစိုးတစ်ဖြစ်လဲ အာကာတစ်ယောက် အသက် ၂၅နှစ် ပြည့်ပြီ။ ဘဝဇာတ်ခုံအဖုံဖုံမှာ သဏ္ဍာန်လုပ်၊သရုပ်တူအောင် သရုပ်ဆောင်ရင်း လူ့သက်တမ်းတစ်ဝက်နီးလာခဲ့ပြီ။

ဒီနှစ်မွေးနေ့မှာတော့ မနှစ်က ကွယ်လွန်ခဲ့ပြီဖြစ်သော အဘွားအတွက် ရည်စူးပြီး မန္တလေးမြို့ပေါ်က လှူဒါန်းသူနည်းသော မိဘမဲ့ကလေးကျောင်းကိုသွားပြီး လှူဖို့စဉ်းစားထားသည်။ အစမှာတော့ တစ်နေ့တာ အာဟာရအတွက်လှူဒါန်းဖို့စဉ်းစားထားသော်လည်း ယနေ့အတွက် အလှူရှင်က ရှိပြီးနေ၍ မုန့်၊အအေးအချို့နှင့် အာကာငယ်စဉ်က အဝတ်အစားများကို လှူဒါန်းဖို့ဖြစ်သည်။

"အကိုလေး အိမ်ရှေ့ရောက်ပြီ... ကျွန်တော် အန်တီစန်းကိုဖုန်းဆက်လိုက်ရမလား"
ရှမ်းလေးက ပြောသည်။ ရှမ်းလေးမှာ တာရာ ရုပ်ရှင်သရုပ်ဆောင်မဖြစ်ခင် မော်ဒယ်လုပ်စဉ်ကတည်းက ဘေးနားမှာ အေးအတူပူအမျှ အတူရှိခဲ့ပေးသော မန်နေဂျာဖြစ်ပါ​၏။

"ဟွန်းပဲတီးလိုက်"

ဟွန်းသံကြားသည်နှင့် အန်တီစန်းက အိမ်ရှေ့ထွက်ကြိုသည်။ အန်တီစန်းကို မြင်တော့ အာကာ ကားပေါ်က ချက်ချင်းဆင်းပြီး ပြေးဖက်လိုက်မိသည်။

"နေကောင်းရဲ့လား အန်တီစန်း"

"ကောင်းပါတယ်လူလေးရယ်။ လူလေးရော နေကောင်းရဲ့လား၊ ဒေါ်ကြ်ီး ကြားပါတယ် လူလေး အစာအိမ် ပြန်ပြန်ဖြစ်နေတယ်ဆို..သက်သာရဲ့လား"

မင်းလုပ်သမျှကျေနပ်သည်Where stories live. Discover now