~~~~~~~~~~~~~~~~W A Y ~~~~~~~~~~~~~~~~~~~
ညနေဘက် ပိုင်းမို့ လမ်းမထက်တွင် ယာဉ်ကြောတွေက ရှုပ်ထွေးနေသည်။
ကားတစီး နဲ့ တစီး အပြိုင် မောင်းဖို့ နေနေသာသာ တစီး ၏
ဖင်နောက် မှာ တစီး က တရွေ့ ရွေ့ ကပ် လိုက် ရပြီး
တွန့်ဆုတ်တွန့်ဆုတ်နဲ့ မီးနီ ကို ဖြတ်ရန် အားမွေးနေကြသည်။ထိုတွန့်ဆုတ်တွန့်ဆုတ် ကား တွေ ထဲမှာ ဝသာန်တို့ကားလဲ
အပါအဝင်ဖြစ်သည်။ ဝသာန် ဆို အတော်စိတ်ပင်ပန်းနေပုံ ၊
မျ က် မှောင် ကြီး ကြုံ့  လျ က် ၊ နှုတ်ခမ်း ကိုတောင်
သွားဖြင့် ဖိကိုက်ထားသေး ၊ ဝတ်ထားသည့် အင်္ကျီလက်ရှည်
မှာ လဲ တဖက်က ပြီးစလွယ် ခေါက်တင်လို့ ၊ တဖက် က
ခေါက်တင်ထားသည် တောင် လျှောကျ ကာ ဖြင့်
အတော့် ကို လျှော့တိလျှော့ရွဲ ဖြစ်နေ၏။မီးပွို င့် အနီ ကို စိုက် ကြည့်နေသော ဝသာန် ရဲ့ မျ က် လုံး တွေ က
မသိရင် မုဆိုးက သားကောင် ကို စောင့် ကြည့်နေဟန်နဲ့တူသည်။ဒါကို ကြည့်ပြီးခေတ်သျှားအိမ့် သဘောတွေစွတ်ကျ နေ သည်။
အသံထွက် ပြီးတော့မရယ်ရဲ ၊ ပါးစပ်ကို လက် ဖြင့် အုပ် ရင်း သာ
ပြုံးစိစိ ဖြစ် နေ ၏။"အ....ဟီး..."
လက်ဖြင့် အုပ်ထားပေမဲ့ ရယ်သံသေးသေးလေးက
လွတ်ထွက်လို့ သွား၏။ဝသာန် ကလဲ ထို အသံလေး ကြောင့် ခေတ်သျှားဘက်လှည့်ကြည့်
လာ၏။ရုတ်တရက် ကြီး ဆိုသလို သူမဘက် လှည့် လာ သော
ဝသာန်ကြောင့် ခေတ်သျှားအိမ့် မျ က် လုံး တွေ တောင်
ဝိုင်းစက်သွားကာ ဘာစပြောရမှန်း မသိတော့ ၊ဝသာန် မှာလဲ ပြူး ကြောင်ကြောင် မိသျှ ကြောင့်
မေးလေးငေါ့ရင်း ဘာလဲ ဟု မေး တော့၏။ဒါ့ကြောင့် ခေတ်သျှားအိမ့် မှာ မျ က် နှာ ပိုး သတ်
လိုက် လျ က် လျှော့ တိ လျှော့ ရွဲ ဖြစ် နေ သော
ဝသာန် ရဲ့ အင်္ကျီ လက် ကို ခေါက် တင် ပေး လိုက် ရင်း