Episode 11

469 34 6
                                    

Jinhwan: ဖိတ်တယ်ဆိုမှတော့ သွားသင့်တာ
ပေါ့ လိုက်သွားလေ Soo

Bobby: Soo လိုက်မှာလား?

Jisoo: Mola... ထမင်းအရင်စားကြပါဦး
ပြီးမှ ဆုံးဖြတ်တာပေါ့

Bobby: အင်း...ဟုတ်ပါတယ်
အရင်စားကြတာပေါ့...

ထမင်းလည်းစားပြီးတော့

Jisoo: Jiwon Oppa... စကားပြောရှိလို့
ခြံထဲသွားကြရအောင်

Bobby: Ahh... Ommm...

Rose' နဲ့ Han Bin လည်း Jinhwan ကို
ထမင်းပန်းကန်တွေဝိုင်းကူဆေးပေးကြတော့
တယ်။ Bobby နဲ့ Jisoo လည်း ခြံထဲရောက်
တော့

Jisoo: Oppa... Oppa ရဲ့ဇာတ်လမ်းတွေက
မပြီးသေးဘူးလား? Soo ဘယ်အချိန်အထိ
ဝင်ပါနေရဦးမှာလဲ?

Bobby: Mianhae Soo ahhh...
Oppa လည်း ဒီဇာတ်လမ်းတွေထဲ Soo ကိုယဆွဲမသွင်းချင်ပေမယ့် Omma ကြောင့်
ဘယ်လိုမှမတတ်သာတော့လို့ပါ

Jisoo: မတတ်သာဘူးဆိုရင်လည်း Soo ကို
ဆွဲမထည့်ခဲ့သင့်ဘူး Oppa ရယ် ပြီးတော့
တကယ့်သမီးရည်းစားတွေလည်း မဟုတ်ဘူး
Oppa ရဲ့ Omma က တကယ်ယူခိုင်းမှာ
ပြီးတော့ Soo ရဲ့ Omma ဒီဇာတ်လမ်းထဲ
မဝင်ခင်ကတည်းက သူက Oppa ကို
သားမက်တော်ချင်နေတာ

Bobby: ဒါဆို တကယ့်သမီးရည်းစားတွေ
ဖြစ်လာတဲ့အထိ Oppa ကြိုးစားပြီးမှ
Oppa တို့ လက်ထပ်ကြမယ်ဆိုရင်ရော?

Jisoo: Hummm?
ဟာ... Oppa ဘာတွေပြောနေတာလဲ?
ဒီတစ်ခါနောက်တာတော့ နည်းနည်းများတယ်
နော်...!

Bobby: Oppa မနောက်ဘဲ အတည်ပြော
နေတာဆိုရင်ရော?

Jisoo: Nae?...

Bobby: အမှန်အတိုင်းပြောရရင် Oppa
Soo ကို ချစ်နေတာကြာပြီ သူငယ်ချင်းရဲ့
ညီမလည်းဖြစ်နေတာမို့ အားနာနေတာလည်း
ပါတယ် အဲ့ဒါကြောင့် ဖွင့်ပြောဖို့အချိန်ကြာသွား
တာပါ ဒါပေမယ့် ဟိုတစ်လောက ဖြစ်သွားတဲ့
ကိစ္စကတော့ တကယ်မတတ်သာလို့ပါ
Jennie ကိစ္စက သိတဲ့အတိုင်း သူ့မှာလည်း
ရည်းစားရှိတယ် ကိုယ်ကလည်း Soo ကို
ချစ်နေတာဆိုတော့ ဘယ်လိုမှယူဖို့ မဖြစ်နိုင်ဘူး
မချစ်တဲ့သူကိုလည်း လက်မထပ်ချင်တာရော
အဲ့နေ့က ကိုယ့်ဘေးမှာ ကိုယ်ချစ်တဲ့ Soo က
ရှိနေတာကြောင့်ရော Soo ကို လက်ထပ်မယ်
လို့ ပြောခဲ့တာ တကယ်ယူရမယ်ဆိုရင်
ကိုယ်ချစ်တဲ့သူပဲယူမှာပေါ့ မဟုတ်ဘူးလား?
ဒါနဲ့ ကိုယ်ရှင်းပြပြီးပြီဆိုတော့ Soo ကိုယ့်ကို
နားလည်သွားပြီလား?

I Love YouWhere stories live. Discover now