Episode 20

497 16 1
                                    

Rose' လည်း Jisoo အဆောင်ရှေ့သွားတော့
Bobby နဲ့ Jisoo စကားပြောနေတာကို
တွေ့တော့ Rose' လည်းကားပေါ်ကနေ
လှမ်းကြည့်လိုက်ရင်း

Rose': Humm? Oppa?
မနက်ကနှစ်ယောက်သားရန်ဖြစ်မလိုအကြည့်
တွေနဲ့ကြည့်နေကြပြီး အခုကျစကားတွေ
ပြောနေကြတာလား? မဖြစ်နိုင်တာ ...
ဧကန္တ မနက်က စိတ်တိုနေကြတာတွေ
ပြောနေကြတာလားမသိဘူး

Rose' လည်း အခြေအနေကိုကြည့်နေရင်း
တစ်ယောက်တည်း ကားပေါ်မှာစကားတွေ
ပြောနေတော့တယ်

Rose': Humm? Jisoo ရဲ့ မျက်နှာက
ဘယ်လိုပါလိမ့်? ငိုတော့မယ့်မျက်နှာနဲ့

Bobby က Jisoo ကို ဖက်မလို့အရှေ့
တိုးလာတာကို Rose' က

Rose': ဘာလဲဟ? ရန်ဖြစ်ကြတော့မှာလား?
မဖြစ်ခင်သွားတားရမယ်

Rose' လည်း ကားပေါ်ကဆင်းပြီး
Bobby တို့ဆီ ပြေးသွားပြီး မျက်စိစုံမှိတ်ပြီး
အော်လိုက်သည်

Rose': Oppa ... အဲ့လိုမလုပ်ပါနဲ့

Jisoo ရော Jisoo ကိုဖက်ထားတဲ့ Bobby ရော
ကြောင်သွားပြီး အနောက်ကိုလှည့်ကြည့်
လိုက်တော့ Bobby အင်္ကျီစကိုဆွဲထားသော
Rose' ....

Bobby: Chaeng ... ဘာဖြစ်တာလဲ?

Rose': အဲ့ဒါ Chaeng က မေးရမှာပါ
နှစ်ယောက်သားဘယ်လောက်ပဲသဝန်တိုပြီး
ရန်ဖြစ်ပါစေ ဒီလိုတော့မလုပ်သင့် .. သင့် ...
ဘာလဲဟ? ဘာလို့ Soo ကို ဖက်ထားတာလဲ?

Bobby: ဘာလဲ? နင်ကမှဘာဖြစ်တာလဲ?

Rose': နှစ်ယောက်သားရန်ဖြစ်နေကြတာ
မဟုတ်ဘူးလား?

Bobby,Jisoo: Arrnyi ...

Rose': အဲ့ဒါဆို မနက်ကမှနှစ်ယောက်သား
ရန်ဖြစ်နေကြသလိုလိုနဲ့ အခုကျ Oppa က
ဘာလို့ Soo ကို လာကြိုတာလဲ?

Jisoo: Ahh ... အဲ့ဒါက ...

Bobby: Oppa က မနက်က Soo စိတ်ကို
စမ်းချင်လို့ရုပ်တည်နဲ့နေလိုက်တာ

Jisoo ရော Rose' ရော ကြောင်သွားပြီး

Rose': စိတ်စမ်းတယ်?
ဘာကိုစ်ိတ်စမ်းတာလဲ?

Bobby: သြော် Ji Eun နဲ့အတူတူထွက်သွားရင်
Sooဘယ်လိုနေမလဲသိချင်တာနဲ့ စမ်းလိုက်တာ

Jisoo: Oppa... 😒

Bobby: Heee....
ဒါနဲ့ နင်ကဒီမှာဘာလုပ်နေတာလဲ?

I Love YouWhere stories live. Discover now