Episode 19
379 18 7
စာကြည့်တိုက်ကနေ Jisoo တို့ စာသင်ဆောင်
မိုးတိတ်တာရပ်စောင့်နေတဲ့ Jisoo ဆီ
Bobby ပြေးသွားလိုက်သည်
Jisoo: Humm? Oppa?
Bobby: ဒီမှာဘာလုပ်နေတာလဲ အိမ်မပြန်
သေးဘဲ ...?
Jisoo: မိုးတိတ်တာစောင့်နေတာ
Bobby: မိုးတိတ်မှပြန်မှာလား?
မိုးမတိတ်ရင် မပြန်တော့ဘဲ ဒီမှာနေမို့လား?
Jisoo: Arrnyi ...
လူကိုဘာလို့အမြဲပဲတွေ့တိုင်းအဲ့လိုလိုက်ပြော
နေတာလဲ?
Jisoo လည်းငိုရင်းပြောလိုက်တော့
Bobby: Yaaa ... စိတ်ပူလို့လိုက်ပြောနေတာပေါ့
အဲ့ဒါကိုဘာလို့ငိုရတာလဲ?
Jisoo လည်း ငိုနေရင်း မော့ကြည့်လိုက်ပြီး
Jisoo: စိတ်ပူတယ်? ဘာကိုစိတ်ပူတာလဲ?
မနက်ကလည်း လူကိုတစ်ချက်လေးတောင်
မကြည့်ဘဲ Ji Eun Unnie နဲ့ ထွက်သွားတယ်
အဲ့ဒါစိတ်ပူတာလား?
Bobby: Soo ahh ... မနက်ကတကယ်
စာတကယ်လုပ်စရာရှိလို့ ထွက်သွားတာပါ
အခုလည်း စိတ်ပူလို့ Soo ရှေ့ ရောက်လာခဲ့
တာပဲလေ ပြီးတော့ Ji Eun နဲ့ ကလည်း
တကယ့်ကိုအထက်တန်းကသိခဲ့တဲ့ တကယ့်
သူငယ်ချင်းတွေပါ
Jisoo: အဲ့ဒါတွေဘာလို့ လာရှင်းပြနေတာလဲ?
မသိချင်ပါဘူး
Bobby: ဟုတ်လို့ လား?
အရမ်းသိချင်နေပုံပေါက်လို့ ပြောပြလိုက်ရတာ
Jisoo: မသိချင်ပါဘူး
Bobby: ပြီးတော့ ခုနက သဝန်တိုနေတာမလား?
Jisoo: Humm? Arrnyi ...
Bobby: လူကိုတစ်ချက်ကလေးတောင်
မကြည့်သွားဘူးလို့ ပြောတာကရော?
Jisoo: Ahh... အဲ့ဒါက .. အဲ့ဒါက
Bobby: Soo ahh ... နောက်ဆို ဒိလိုမျိုး
တစ်ယောက်တည်းစောင့်မနေနဲ့ တော့
Oppa က Soo ကို လာကြိုမှာပေါ့
Oppa ကို ဖုန်းဆက်ပေါ့ မာနဆိုတာအမြဲ
မထားရဘူး Soo ရဲ့ ပြီးတော့ ကိုယ့်ကို
လိမ်လို့ ရပေမယ့် ကိုယ့်ကိုယ်ကိုတော့
ဘယ်တော့မှလိမ်လို့ မရဘူး
Jisoo လည်း Bobby ပြောတာတွေနားထောင်ပြီး
Jisoo: Oppa Mianhae ...
I Love YouWhere stories live. Discover now