Intro

4.7K 286 5
                                    

ခြံထဲမှာပန်းပင်​​တွေ​ရွေ့​နေသည့်​ကျွန်​​တော့်​​ကျောကုန်း​ပေါ်သို့်​ကောင်းကင်​ကကျ​နေသည့်​ တစ်​စက်​နှစ်​စက်​​သောအရည်​ကြည်​အချို့ကလာ​ရောက်​ကျီစယ်​​နေကြသည်​။ သို့​သော်​.. .. ကျွန်​​တော်​ပြုံးမိသည်​။ အင်း .... ကိုရီးယားမှာကမိုးရွာခဲတယ်​မလား။ ကျွန်​​တော်​ကမိုးကိုချစ်​တယ်​​လေ .... ရင်​ထဲမှာ​အေးမြ​စေတယ်​ ကျွန်​​တော်​ခါးကိုပြန်​မတ်​ကာမတ်​တပ်​ရပ်​လိုက်​ရင်း ​ခေါင်းကို​မော့ကာလက်​​တွေဆန့်​ရင်းမိုး​ရေ​စက်​​တွေရဲ့အထိအ​တွေ့ကိုခံယူမည်​လုပ်​​တော့ .....

" Ya ....! နမ်​ဂျွန်​​ရေ ဘာလုပ်​​နေတာလဲ ... လာ​တော့​လေ မိုးရွာ​တော့မှာကို ... "

ကျွန်​​တော်​ကိုအသံစူးစူး​လေးနဲ့​အော်​​ခေါ်​နေတဲ့ ​ဆော့ဂျင်​ hyung.. .. TShirt ပန်း​ရောင်​​လေးကို​မှ အပြာနု​ရောင်​ဂျင်းပန်​ဒူး​ပေါ်​လေးနဲ့ Hyung ကသိပ်​ချစ်​ဖို့​ကောင်းလှပါသည်​။ အိမ်​အ​ပေါက်​ဝက​နေက​လေး​လေးတစ်​​ယောက်​လိုလက်​​လေးယပ်​ကာ​ခေါ်​နေပုံက မူလတန်းအရွယ်​က​လေး​လေးတစ်​​ယောက်​လို .... ။ ကျွန်​​တော်​ပါးချိုင့်​​တွေ​ပေါ်သည်​အထိပြုံးမိပြီး သူ့ကိုလှမ်းကြည့်​ကာ ....

" Hyung .... လာခဲ့​လေ .... မိုး​ရေလာချိုးပါလား "

" အာ .... ​တော်​ပါပြီ ငါမိုး​ရေ​ကြောက်​တယ်​ .... အရမ်း​အေးတယ်​ဟ ... "

လက်​ခါကာ​ခေါင်းကိုပါတွင်​တွင်​ရမ်းရင်း​ပြော​နေသည့်​ ဒီက​လေးဆိုးကြီး hyung အနားကို​ပြေးသွားကာ လက်​နှစ်​ဖက်​ကိုဆွဲပြီး မိုး​ရေထဲကို​ခေါ်မည်​လုပ်​​တော့

" ဟာ .... ငါမိုး​ရေမချိုးဘူးလို့​ပြောထားတယ်​​နော်​ နမ်​ဂျွန်​ .... ဟာ ... နမ်​ဂျွန်​ ... "

သူအ​ကြောက်​အကန်​ငြင်း​နေသည်​ကို ကျွန်​​တော်​ကအတင်းချီ​ပွေ့ကာ သူ့ကိုမိုး​ရေထဲစိုရွဲ​နေကာ အိမ်​​ရှေ့ကမိုးရွာကိုအနည်းငယ်​ဗွက်​ထ​နေတဲ့ ရွံ့အိုင်​​လေးထဲပစ်​ချလိုက်​​တော့

Take Me To The MoonWhere stories live. Discover now