ကျွန်တော်တို့မနက်စာတူတူစားပြီးလူရွေးပွဲကိုသွားကြတယ်ကားပေါ်ရောက်တော့
"N ဘယ်လိုသီချင်းတွေကြိုက်တတ်လဲ''
"ကျွန်တော်အရင်ကသီချင်းဟောင်းတွေကြိုက်တယ်
နားစွဲနေတော့လိုက်ဆိုလို့ကောင်းတယ်''
"သီချင်းဆိုတတ်တာလား''
"ဆိုတတ်တာပေါ့ ဒါပေမယ့် သိပ်အကောင်းကြီးတော့မဟုတ်ဘူး''
"ဂစ်တာပါတီးတတ်တာမလား''
"အင်း ဘယ်လိုသိတာတုန်း''
"သိတာပေါ့''
"ကျွန်တော့်IGဝင်ကြည့်တာမလား''
"ကြည့်ရတာပေါ့ Wayo ဖြစ်မယ့်သူဆိုတော့
ကြိုလေ့လာထားရတယ်လေ''"လာပြန်ပြီ''
ဆိုပြီးBasမျက်နှာလေးရွဲ့ပြီးပြုံးလိုက်တော့
God ရဲ့လက်တစ်ဖက်ကကားမောင်းရာမှ
ကလေးခေါင်းကဆံပင်လေးတွေ
ဖျက်ခနဲတစ်ချက်နှစ်ချက်ဖွလိုက်တယ်ဒါဘာလဲရင်ခုန်တာလားရင်ခုန်စရာမှမဟုတ်တာ
သူလည်းယောင်္ကျား ကျွန်တော်လည်းယောင်္ကျားဘဲ
သူ့မှာလည်းရည်းစားကြီးနဲ့
Wayoဆိုတာဇာတ်လမ်းထဲဘဲရှိတာ
အပြင်မှာကျွန်တော် သူ့ကို
အကိုတစ်ယောက်ရထားသလိုပါဘဲ
သူ့ကိုသဘောကျတယ်
သဘောကျတယ်ဆိုတာ
PGodက အရပ်ကလည်းအရမ်းမြင့်တယ်
အဲ့ဒီ့အရပ်နဲ့လိုက်ဖက်တဲ့မော်ဒယ်အလုပ်ကိုလည်း
လုပ်နေတယ်
P'Godရဲ့မျက်နှာနဲ့အရပ်နဲ့ကလိုက်ဖက်လွန်းတော့
ပြီးပြည့်စုံလွန်းသွားတာ
ဒါကိုကျွန်တော်သဘောလည်းကျအားလည်းကျတာပါ
ကျန်တာဘာသဘောမှမပါပါဘူးရိုးရိုးလေးပါဘဲခေါင်းထဲအတွေးတွေနဲ့ ကားပြတင်းပေါက်က ဟိုးအဝေးတစ်နေရာကိုငေးကြည့်နေတယ်
"ဘာတွေစဉ်းစားနေတာလဲN''
"ဟင်...ဒီလိုပါဘဲ ရာသီဥတုကလည်းသာယာနေတော့
လေလေးတဖြူးဖြူးနဲ့ဟိုတွေးဒီတွေးပါ''"ဘေးကလူတောင်မေ့နေအောင်တွေးနေတာလား''
အဲ့ဒီဘေးကလူအကြောင်းတွေးနေတာကို
ကျွန်တော်ကဘယ်လိုပြောရလဲ
ဒီလူကတကယ်ဘဲ ကြည့်လိုက်ရင်
ခပ်တည်တည်လိုလို ချေနေသလိုလို
မိုးမမြင်လေမမြင်သလိုလိုနဲ့
တကယ်တမ်းပေါတောတော
အဲ့လိုပေါတောတောကလည်းတမျိုးချစ်စရာလေးပါ