T

1K 120 17
                                    

ဆိုလ်းမြို့ ရဲစခန်းတွင် ......

"ဘာာာ.... ခင်များတို့ အဲ့လိုလုပ်လို့ ရကြေးလား"

ရဲစခန်းတွင် ထဝုန်းဒိုင်းကြဲသော jungkook..

"စိတ်လျော့ကောင်လေး.... အမှုမှာ သက်သေက မခိုင်လုံရင် လွှတ်ပေးကြရတာပဲလေ"

"သက်သေမရှိလည်း သူ ကျတော့ချစ်သူကို သတ်တာ အသိသာကြီးကို"

"မင်းကောင်မလေးက မုဒိန်းကျင့်ခံရလို့ သေတာမဟုတ်ဘူး..."

Jungkook မျက်လုံးများ ဝိုင်းစက်သွားသည် .

"ဒါဆို ဘာကြောင့်လဲ"

"အဲ့တာက မှုခင်းဆရာဝန်က တရားခွင် လာမထွက်ဆိုသေးဘူး...သူ USက ခရီးပြန်လာမှ
တရားခွင်လာမယ်ဆိုတော့ နောက် တစ်လလောက် နေရင် သိရမှာပါ"

"ခင်များတို့ဗျာ...တောက်"

ရဲစခန်းထဲတွင် အထက်တန်းကျောင်းသားလေး တစ်ယောက်ရဲ့ တောက် ခေါက်သံကို အတိုင်းသား ကြားရလေသည်

သူ ဒေါသမောဟနဲ့ စခန်းမှ ထွက်လာခဲ့တော့
စခန်းမှူးကြီးခမျာ jungkookရဲ့ နောက်ကျောကို
ကြည့်ရင်း သက်ပြင်းချမိသည်...

"ဩော်...ဒီခေတ်ကလေးတွေများ အသက်က 20 မပြည့်သေးဘူး... ရည်းစားထားရတာနဲ့.. စာလုပ်ရမယ့် အရွယ်မှာ ရည်းစားပူတွေ မိနေကြပါလား...ဩော် ဒုက္ခ ဒုက္ခ"

💝💝💝💝💝💝

စိတ်ညစ်ညစ်နဲ့ ကျောင်းလည်း မတက်ဘဲ သူ အိမ်တန်းပြန်လာလိုက်သည်...
အိမ်ပြန်ရောက်တာနဲ့ parkjiminရဲ့ ကျောင်းပြေးတာ မကောင်းခြင်း သင်ခန်းစာ ဩဝါဒတွေ တသီကြီး လာတော့မည်ကို တွေးမိပြီး
Jungkookခေါင်းကို တဗြင်းဗြင်း ကုတ်မိသည်..

"ဆရာလုပ်လည်း ခံယုံပဲပေါ့ကွာ"ဟုသာ အားတင်းထားရသည်..

အိမ်ဝကို jungkookရောက်ရောက်ချင်းပင်..

"ဟော..လာပါပြီ မောင်မင်းကြီးသား... ဒီနေ့ကျောင်းမတက်ဘဲ ဘယ်အလေလိုက်နေတာလဲ"

စူပုတ်ပုတ်နှင့် အိမ်ထဲဝင်လာသော jungkook
ကိုကြည့်ရင်း jimin လှမ်းငေါက်လိုက်သည်...

Love is A NightmareDonde viven las historias. Descúbrelo ahora