O

729 101 0
                                    

"အာ...ငါအလယ်မှာ အိပ်မယ် "

"မရဘူး မင်းကဘေးမှာအိပ်..Jiminက အလယ်မှာ အိပ်လိမ့်မယ်"

"ဟာ..တစ်ခါတစ်လေဟာကို ငါလည်း အလယ်မှာ အိပ်ချင်တာပေါ့ .ငါက ဧည့်သည်နော်"

"ဟင်အင့်..ငါလူစိမ်းတွေနဲ့ အတူမအိပ်တတ်ဘူး
Yoongi"

"ဩော် ပြောရက်တယ် ငါတို့က လူစိမ်းလား
Jeonjungkook"

"မစိမ်းဘူးလေ..ဒါပေမဲ့ အတူမှ မအိပ်ဖူးတာ..
ပြီးတော့ ငါက အအိပ်ဆက်တယ်"

တစ်ယောက်တစ်ခွန်း အပြီအပြင် စကားများ နေချိန် parkjiminမှာတော့ ဘယ်က jungkookကိုကြည့်လိုက် ညာဘက်က Yoongiကို ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည်..
နောက်ဆုံးကျတော့..

"ဟာကွာ..တော်ကြတော့ ငါပဲအလယ်မှာ အိပ်တော့မယ် ဟုတ်ပြီလား..Jungkookကလည်း အအိပ်ဆက်တယ်တွေ ဘာတွေ လုပ်မနေနဲ့.. အိပ်ရင် ဘာမှမသိတဲ့ကောင်ကများ "

Jungkook , jiminကို ပြေး၍ ကန်ချင်စိတ်တွေပင် ပေါက်လာသည်...စိတ်ထဲမှပင်
အကြိမ်ကြိမ်ဆဲဆိုနေလိုက်သည်။ jiminမှာလည်း မထူးတော့ပြီမို့ အလယ်မှာပင် အိပ်ရတော့မည်..
Yoongiကတော့ ပြုံးစစနှင့်.. ဖြစ်နိုင်လျှင်
Jungkook , yoongiကို အိမ်ပေါ်ကနေပင် ကန်ချပစ်ချင်သည်..

Jiminကတော့ အလယ်ကနေ တစ်ယောက်တည်း
ဂနာမငြိမ် ဖြစ်နေသည်..ဟိုဘက်လှည့်တော့လည်း မလုံ..ဒီဘက်လှည့်တော့လည်း အိပ်မရနှင့်..
နောက်ဆုံး yoongiကို ကျောပေးထားလိုက်သည်က အကောင်းဆုံး ဖြစ်မည်ဟု ယူဆပြီး jungkookဘက် လှည့်အိပ်နေလိုက်သည်..ဒါတောင် ကျောက မလုံချင်..

"ဟူး...."

Jimin သက်ပြင်းရှည်ကြီး မှုတ်ထုပ်လိုက်သည်..

"ဘာတွေသက်ပြင်းချနေတာလဲ jimin..ဟင်..
ချွေးတွေလည်း ရွှဲလို့ပါလား...aircon မအေးလို့လား..ထပ်တင်ပေးရမလား"

ရာသီဥတု မပူပါပဲ ချွေးတွေစိုနေသော jiminကိုကြည့်ပြီး jungkook အံ့ဩတကြီးမေးလိုက်သည်...

"ဘာ...ဘာမှမဖြစ်ပါဘူး..နေ့လယ်က ကော်ဖီတွေသောက်ပြီး မျက်စိကြောင်နေလို့"

"အဲ့ကော်ဖီတွေ သောက်ပြန်ပြီ...မသောက်ပါနဲ့ဆိုမှ"

"တစ်ခွက်တည်းပါ.."

Love is A NightmareWhere stories live. Discover now