"ဩော်..Jimin နေကောင်းသွားပြီလား "
"အင်း"
"ဟူး..တော်သေးတာပေါ့ ။ ငါ့မှာတော့ စိတ်ပူလိုက်ရတာ ။ နောက်နေမကောင်း မဖြစ်နဲ့နော် ။ ကိုယ်တကယ် စိတ်ပူလို့ "
"အဟမ်း"
Jungkookက ကြားထဲက ဝင် ချောင်းဟန့်ရင်း
"အခန်းထဲ ဝင်ရအောင် ။ ဆရာလာတော့မယ်"
"အေးပါ ။ သွားရအောင် .. ဒါနဲ့ ညကျရင်
ပါတီရှိတယ် လာကြမယ်မလား"Jiminက ချက်ချင်း မဖြေသေးပဲ Jungkookကို
လှမ်းကြည့်သည် ။ ထိုအခါ jungkookက"မပြောတတ်သေးဘူး ။ လာဖြစ်ရင် လာမယ်။
မလာဖြစ်ရင်လည်း နှစ်ယောက်လုံး မလာဖြစ်ဘူး""ဘာလဲ ။မင်းမလာရင် Jiminကပါ မလာရ
တော့ဘူးလား""အင်း.. ငါမပါပဲနဲ့ Jiminကို ဘယ်မှ သွားခွင့်
ပေးမှာ မဟုတ်ဘူး ""ဩော်..ဘာတွေလား..ဘယ်လိုတွေတောင် ချုပ်ချယ်နေတာလဲ ။ Jiminက ကလေးလည်း
မဟုတ်တော့ဘူး ။ သူလည်း သူ့သဘောနဲ့သူ ဆုံးဖြတ်နိုင်တယ် လုပ်ကိုင်တတ်တယ် ""သိတယ် ။ ဒါပေမဲ့ ငါခွင့်မပြုနိုင်ဘူး "
"Jiminက အဲ့လိုလုပ်တာ မကြိုက်ဘူးဆိုရင်ရော"
"......"
"Jimin... သူ ဒီလို လိုက်ချုပ်ချယ်နေတာတွေကို
မကြိုက်ဘူးမလား "Jiminမှာ Jungkookကို တစ်လှည့် ၊ Yoongi
ကို တစ်လှည့်ကြည့်ရင်း..."အာ..မပြောတတ်တော့ဘူး "
ထိုအခါ Jungkookက စိတ်မရှည်စွာ
"ကျစ်..Jimin မပြောတတ်ဘူးဆိုတာ ဘာလဲ..
မကြိုက်ဘူးဆိုတဲ့သဘောလား "