Don't Ignore Me💔

370 47 5
                                    

YongZheng....."
ထင်​မှတ်​မထားပဲ​တွေ့လိုက်​ရတာမို့ အံသြပီးဘာစကားမှထွက်​မလာ
"Kuanlinnie ...ဟုတ်​တယ်​မလား တခြားသာမှားရင်​မှားမယ်​ တို့ က တို့ ရည်းစား​တော့ခွဲတတ်​ပါ​သေးတယ်​"
ဒီ​လောက်​ရုပ်​ဖျက်​ထားတာ​တောင်​​မှတ်​မိ​နေ​သော yongzhengကိုဖျတ်​ရိုက်​ချင်​စိတ်​သာ​ပေါက်​မိသည်

"ဘာရယ်​ ရည်းစား ဟုတ်​လား kuanlin"
"မ....မဟုတ်​ဘူး...hyung"
Kuan Linမဟုတ်​ဘူး ငြင်း​တော့
YongZheng ထ​ပေါက်​ကွဲ​တော့သည်
"ဘာကု​မဟုတ်​တာလဲ LaiKuanLin"
"ဟာ...ခင်​ဗျား တိုးတိုး​ပြောလို့မရဘူးလား
အခြားသူ​တွေကြည့်​​နေပီ သိကုန်​ကြလိမ့်​မယ်"
"မ​အော်​​စေချင်​ရင်​ နင်​က​ကောဘာအချိုးချိုးတာလဲ ....နင်​ငါ့ကိုပစ်​ထားတာဘယ်​​လောက်​ကြာပီလဲ
နင်​လုပ်​​နေတာဟုတ်​ရဲ့လားပြန်​စဉ်းစား"
"Noona ခဏ​လေးတိုးတိုး​နေ​ပေး
လူရှင်းတဲ့​နေရာမှာ ရှင်းပြမယ်​ ဟုတ်​ပီလား"
YongZhengနဲ့ ကျွန်​​တော့ကို စိတ်​ပျက်​​တဲ့ပုံစံဖြင့်​hyungကတချက်​ကြည့်​ရင်း
"Lai Kuan Linမင်းကိစ္စမင်းရှင်း ငါအရင်​ပြန်​နှင့်​မယ်​"
"Hyung...ခဏ​လေး​လေ ခဏ​လေး​စောင့်​​ပေးလို့မရဘူးလား"
"မရဘူး Lai kuan lin မင်းတို့အရှုပ်​ထဲ ငါမပါချင်​ဘူး ​ဘေးဖယ်​"
ပြောရင်း hyung က တွဲထားတဲ့လက်​ကိုဖြုတ်​ပီး ထွက်​သွားသည်
"ဟာ.....သွားပီ....hyungggg"
အခုလိုက​မောက်​ ကမ ဖြစ်​​အောင်​လုပ်​တဲ့ YongZhengကို ကြည့်​ရင်း ​ဒေါသက အထွတ်​အထိပ်​ထိ​ရောက်​လာသည်
YongZhengကိုလူရှင်းသည့်​​နေရာထိ​ခေါ်လာသည်
"YongZheng ခင်​ဗျားနဲ့ကျ​​တော်​နဲ့ဇာတ်​လမ်း ပီးပီ ခင်​ဗျားနဲ့ဆက်​မပတ်​သတ်​နိုင်​ဘူး"
"ဘာ...နင်​ကစကားတစ်​ခွန်းထဲနဲ့ ငါ့ကိုချန်​ထားလို့ရမယ်​ထင်​လား ဟင်​..."
'အဲ့ဒါ​တွေမသိဘူး အ​ရေးကြီးတာက ခင်​ဗျားကိုကျွန်​​တော့မချစ်​ဘူး ဟုတ်​ပီလား
ကိုယ့်​ကိုမချစ်​တဲ့သူကို လိုက်​တွယ်​ကပ်​​နေရတာ ခင်​ဗျားအတွက်​လည်းစိတ်​ရှုပ်​စရာပဲမလား"
"Kuan lin နင်​တကယ်​​ပြော​နေတာလား"
"ကျ​တော့ပုံစံက​နောက်​​နေတဲ့ပုံ​ပေါ်လို့လား"
"နင်​...ရက်​စက်​လိုက်​တာ "
"​တောင်းပန်​ပါတယ်​ ကျွန်​​တော်​သွားပီ
နောက်​လည်းလမ်း​တွေ့ရင်​​တောင်​မ​ခေါ်ပါနဲ့​နော်​"

I Promise You(Hiatus)Where stories live. Discover now