I need your hug

374 39 5
                                    

နောက်​လထဲcbရှိတာမို့ အကုန်​လုံးအသည်းအသန်​ကြိုးစား​နေကြသည်

ဒီတ​ခေါက်​cbမှာ dance choreoပိုင်းကခက်​တာမို့ kuan linလည်းကိုယ့်​ကိုကိုယ်
စိတ်​တိုင်းမကျ​သေးတာ​ကြောင့်​ တ​နေကုန်​ dance practiceထဲက​နေမထွက်​ဖြစ်
နဂိုကတည်းက danceအပိုင်းနဲ့ပတ်​သတ်​ပီးအားနည်းတယ်​ထင်​တာ​ကြောင့်​ မရပ်​မနား ​လေ့ကျင့်​​ဖြစ်​သည်
မနက်​ကတည်းက အစာ ဘာမှမစားပဲ​လေ့ကျင့်​​နေတာ
ည10နာရီထိုးတဲ့အထိပင်​...
လေ့ကျင့်​တာလည်းအဆင်​မ​ပြေ ဒီကြားထဲ
အတိုက်​အခိုက်​​တွေကလည်းများတာမို့ စိတ်​ညစ်​ရသည်​ ဘယ်​​လောက်​ပဲ စိတ်​မာတယ်​​ပြော​ပြော ကြာလာ​တော့ ၀မ်းနည်းလာသည်
တော်​ရုံတန်​ရုံနဲ့မငိုဖြစ်​တာမို့ ဘယ်​သူ့​ရှေ့မှာမှ မငိုဖြစ်​ တကယ်​တမ်း စိတ်​ဖိစီးမှု​တွေများတာ​ကြောင့်​ ​​က​လေးတ​ယောက်​လို​အော်​ငု​ပစ်​ချင်​သည်​.............
ဒါ​ကြောင့်​ဘယ်​သူမှမရှိတဲ့အချိန်​ practiceခန်းထဲ ဘယ်​သူမှမသိ​အောင်​ တိတ်​တိတ်​​လေးကြိတ်​ငိုမ်​သည်​....

...............................
_____________________________

JiHoonတ​ယောက်​အိပ်​​နေရာမှ တ​ရေးနိုးလာသည်​ နာရီကိုကြည့်​​တော့ ည ဆယ့်​တစ်​နာရီထိုးပီ kuan linကုတင်​ဘက်​လှမ်းကြည့်​​တော့ kuan linမရှိ
ည​နေက JiHoonရိုက်​ကူး​ရေး ကပြန်​လာ​တော့ kuan lin dance practice roomထဲမှာဆိုလို့ သွားမ​တွေ့ဖြစ်​ပဲ တန်းအိပ်​​ပျော်​သွားတာ....ခုချိန်​ထိ မလာ​သေးဘူးဆို​တော့စိတ်​ပူသွားသည်
"ဒီခ​လေးက​လေ ခုချိန်​ထိ​လေ့ကျင့်​​နေတုန်းပဲလား ​တွေ့မယ်​ ပီးမှဆုံးမရမယ်​"...
ပါးစပ်​ကပွစိပွစိ​ပြောရင်းji hoon ​ခြေလှမ်း​တွေက d p rဆီသို့်​.......................

Practice roomထဲ​ရောက်​​တော့
အခန်းထဲမှာ တရှုံရှုံနဲ့ငို​နေတဲ့kuan lin
တော်​ရုံဆိုမငိုတတ်​တဲ့ က​လေး​ကြောင့်
JiHoon ​စိတ်​ပူသွားသည်
လက်​ဖ၀ါးနှစ်​ခုကြား မျက်​နှာအပ်​ပီး ငို​နေတဲ့က​လေးနားကပ်​ပီး
"လူဆိုး​လေး...ငါကမင်း​ပျောက်​လို့လိုက်​ရှာ​နေ မင်းက ဒီမှာလာငို​နေ"
JiHoonအနား​ရောက်​မှkuan linလည်း လန့့်​ဖြတ်​ပီး မျက်​ရည်​​တွေထသုတ်​​နေသည်
"Hyung mian ကျ​တော့်​​ကြောင့်​နိုးသွားလား"
"မဟုတ်​ပါဘူး တ​ရေးနိုးလာတာ ပါ lin linရဲ့"
JiHoonက​ပြောရင်း kuan linမျက်​လုံးတည့်​တည့်​ကြည့်​ပီး
"Lin lin ဒီရက်​ပိုင်းအတွင်းအရမ်းခက်​ခဲ​နေခဲ့မှာပဲ ​တောင်းပန်​ပါတယ်​ hyungကပို ဂရုစိုက်​ခဲ့ရမှာ ...."
Jihoonက သူ့လက်​နှစ်​ဖက်​ကို​မြှောက်​ပြီး
Kuanlinကိုသူ့ရင်​ခွင်​ထဲဝင်​ဆိုတဲ့သ​ဘောနဲ့
"Lin lin ငိုချင်​​နေတယ်​မလား ...လာ ...hyung ကိုဖက်​ပြီးငို....
စိတ်​ထဲ ရှိသ​လောက်​ငို "
Kuan linလည်း jihoonရင်​ခွင်​ထဲ ​ခေါင်း​လေးတိုးဝင်​ပီး ငို​တော့ jihoonက​ခေါင်း​လေးကိုဖွဖွ​လေး ပုတ်​ပီး နှစ်​သိမ့်​​ပေး​နေသည်
"ငို .....ငို....ဒီ​နေ့တရက်​ပဲငို ​နောက်​ရက်​​တွေကျအရင်​လို lee kuan linပဲပြန်​မြင်​ချင်​တယ်​​နော်​"
တစ်​နာရီနီးပါး​လောက်​ ငိုပီး​တော့မှ
Kuan lin​ခေါင်း​ထောင်​လာပီး
"​gomawo hyung အခုလိုနှစ်​သိမ့်​​ပေးလို့"
"​ကျေးဇူးတင်​ရင်​​နောက်​ခါဒီလိုမလုပ်​ရဘူး​နော်​ lin lin ...၀မ်းနည်း​နေတဲ့အချိန်​ဆို hyungဆီလာ...ရင်​လာဖွင့်​....အခု​တော့ အိပ်​ကြရ​အောင်​ မင်းလည်းအနားယူရဦးမှာ"
"Imm hyungလည်းကျ​တော့်​​ကြောင့်​အိပ်​​ရေးပျက်​ကုန်​ပီ"
"ငါ အိပ်​​ရေးပျက်​တာက အ​ရေးမကြီးဘူး မင်းအဆင်​​ပြေဖို့ကအ​ရေးကြီးတယ်​ ​နောက်​တခါလူကိုစိတ်​ပူ​အောင်​မလုပ်​ပါနဲ့"
လှည့်​ထွက်​ဖို့ပြင်​​နေတဲ့က​လေးလူကြီး ​လေး ကိုအူယားတာ​ကြောင့်​ ​နောက်​က​နေ kuan linလှမ်းဖက်​ထားသည်
Kuanlinရှည်​တာမို့jihoon​ခေါင်းက kuan linရင်​ခွင်​ထဲမှာ
ရင်​ခွင်​ထဲ​ရောက်​​နေတဲ့​ခေါင်း က ဆံပင်​​တွေကိုတချက်​နမ်း​တော့
"Kuan lin ဘာလို့ ငါ့ဆံပင်​ကိုနမ်း​နေ ​ခေါင်းမ​လျှော်​ရေ​သးဘူးနံ​စော်​​နေတာ"
"ဘာ​ခေါင်း​လျှော်​ရည်​သုံးလဲသိချင်​လို့နမ်းကြည့်​တာ ​ခေါင်းမ​လျှော်​ရ​သေးဘူးဆို​တော့ခက်​ပီ...​နောက်​​နေ့hyung​ရေချိုးမှ အတူတူလာချိုးဦးမယ်​"
"​ဟော...ကြည့်​ kuan linတို့က တန်းပီး မျက်​နှာ​ပြောင်​ပီ ​စောနက ကျ က​လေးအတိုင်းပဲငို
ပီးး"
"Hyung ပဲကျ​တော့်​ကိုအဲ့လိုပုံစံမမြင်​ချင်​ဘူးဆို ဘာလဲ ထပ်​ငိုရမှာလား"
Kuan linနှုတ်​ခမ်းဆူပီး​ပြော​တော့
"Aigoooo ​တော်​ပါ​တော့ မှားပါတယ်
အိပ်​ပါ​တော့ကိုယ်​​တော်​ရဲ့"
"အင်း...ညကျအိပ်​မက်​ထဲကျ​တော်​ငို​နေရင်​hyungကအခုလိုမျိုးလာနှစ်​သိမ့်​​ပေးဦးမှာလား"
"Cheee pl ဘာလို့ မင်းအိပ်​မက်​ထဲ ငါကလာရမာလဲ မလာဘူး ကိုယ့်​ဘာသာ​အေး​ဆေးအိပ်​ ...သွား"
JiHoon​ဟောက်​လိုက်​​တော့မှ kuan lin​ခေါင်း​လေးပုပီး အိပ်​ခန်းထဲဝင်​သွားသည်
"ဒီခ​လေးက ​ဟောက်​လိုက်​မှမဟုတ်​ရင်​တညလုံး အိပ်​ရမှာမဟုတ်​....ဒီအရှည်​​ကောင်​ ​ကအရပ်​နဲ့လိုက်​စွာ တအားရှည်​တဲ့သူ..."
Jihoonလည်းကိုယ့်​အ​တွေးကိုကိုယ်​သ​ဘောကျပီး kuan lin​နောက်​ကလိုက်​သွားသည်

_______________________________

မနက်​ခင်း မျက်​လုံးနှစ်​လုံးပွင့်​မည်​ကြံကာရှိ​သေး ဆူညံ​နေကြသည်
ဘာ​တွေကိုဆူညံ​နေကြမှန်းမသိ
JiHoonလည်း ​ဘေးနား...က daehwiကိုလှမ်း​မေးလိုက်​သည်
"Daehwi ah ဘာလို့ဆုညံ​နေကြတာလဲ hyungအိပ်​မရဘူး"
"အိပ်​မရလည်း ထ​တော့hyung​ရေ
ပြသာနာ​တွေကရှင်းရဦးမှာ"
"ဘာကိုရှင်းရမှာတုန်း ရှင်းရှင်းလင်းလင်း​ပြောပါဦး"
"ဒီလိုhyungရဲ့.....မနက်​က Dispatch က​နေသတင်းတက်​လာတယ်​ ဟိုအဖွဲ့ထဲက​ကောင်​မ​လေးနဲ့ kuan lin date​နေပါတယ်​ဆိုပီး သတင်း ​တွေဖွ​နေတာ ပုံကလည်း ယုံချင်​စရာမရှိ ၀ါးတား​နေတာ ဘသူမှန်း​တောင်​​သေချာခွဲမရပဲနဲ့ကို သက်​သက်​cbနီးလို့ ယုတ်​မာ​နေကြတာ"
Daehwiစကား​ကြောင့်​jihoonလည်းလန့်​ပီး
"ဒါ...ဒါဆို kuan lin​ရော သူကခုဘယ်​မှာလဲ"
"သတင်းစတက်​ကတည်းက CEO​ခေါ်လို့သွားပီ...CEO​တော့​ဒေါသထိပ်​​ရောက်​​နေ​လောက်​ပီ kuan lin​တော့ဘယ်​လို​နေမလဲ မသိ ​တွေးရင်းကြက်​သီး​တောင်​ထတယ်​"
Daehwiစကား​ကြောင့်​ တရုတ်​ကိုစိတ်​ပူလာသည်
မ​နေ့ကတည်းက စိတ်ဆင်းရဲ​နေရှာတဲ့က​လေးကို မှ ဒီလိုပြသာနာ​တွေကြုံရတယ်​လို့
အခုဆို ဘယ်​​လောက်​များ ၀မ်းနည်း​နေမလဲ
အခု တက်​လာတဲ့ပုံ​တွေက မ​နေ့ညက ရိုက်​ထားတာလို​​ပြောတာ​ကြောင့်
မ​နေ့ညက kuan linသူနဲ့ရှိ​နေတဲ့အ​ကြောင်းကိုရှင်းပြမှဖြစ်​မယ်​လို့​တွေးပီး
မျက်​နှာ​တောင်​မသစ်​အားပဲ kuan lin​နောက်​လိုက်​သွားသည်​...........

__________________________
တ​နေ့တခြားအ​ရေးအသား​လေးကစုတ်​ပြတ်​လာတာလည်းသိပါတယ်
ဒါ​ပေမဲ့ ဆက်​​ရေးချင်​​သေးတဲ့စိတ်​​လေးရှိ​နေ​သေးလို့ မ​ကောင်းလည်းသည်းခံ​ပေးကြပါ🙏🙏🙏




I Promise You(Hiatus)Waar verhalen tot leven komen. Ontdek het nu