(2)

32.8K 1K 68
                                    

(2)

Before ..... ။

မျက်​ခွံအ​ပေါ်ယံအင်​အားနဲ့ ငါနိုးလာတယ်​ ။ ​ရောင်​စုံအမှိုက်​ပုံကြီးအစား ထင်​ရှူးပင်​နံ့ထွက်​​နေတဲ့ မီးခိုး​ရောင်​​​စောင်​တစ်​ထည်​​ပေါ် ​ရောက်​​နေတယ်​ ။ ပိုက်​သေး​သေး​လေး​တွေက ငါ့လက်​​ပေါ်မှာ တွဲ​လောင်း​တွဲ​လောင်းနဲ့ စူးတူးတူးဖြစ်​​နေတယ်​ ။ ​ငါ့ကို အား​ဆေးသွင်းထားတာမို့ ပို​ကောင်းသွားမှာပါလို့ လူကြီးတစ်​​ယောက်​က လာ​ပြောတယ်​ ။ မုတ်​ဆိတ်​ထူထူကြီးကလွဲပြီး ဘာကိုမှမမှတ်​ထားလိုက်​ခင်​မှာ ငါပြန်​အိပ်​​ပျော်​သွားတယ်​ ။

ပြန်​နိုးလာတဲ့​​နေ့က ဘာ​နေ့လဲ ငါမသိဘူး ။ ဘယ်​သူ​တွေနဲ့ အတူရှိ​လဲ​တော့ ငါသိတယ်​ ။ မုတ်​ဆိတ်​​တွေနဲ့ ခပ်​ဝဝဦးကြီး ရယ်​ ပုလင်းဖင်​​လောက်​ မျက်​မှန်​ထူကြီးတပ်​ထားတဲ့ ဦးကြီးရယ်​ သူတို့နှစ်​​ယောက်​က ပြုံးပြတယ်​​ ။ ငါ့မျက်​​တောင်​​တွေတဖျက်​ဖျက်​ခတ်​​နေမိပြီး စိတ်​လှုပ်​ရှားသွားတယ်​ ။ သူတို့က ငါ့နာမည်​ဘယ်​လို​ခေါ်လဲ​မေးတဲ့အခါ ငါ့မှာ ပိုင်​ဆိုင်​တာဆိုလို့ နာမည်​​လေး​တောင်​ မရှိ​ကြောင်းသိသွားပြီး ရယ်​​နေကြတယ်​ ။

" နာမည်​မရှိ​တော့ ဘာဖြစ်​လဲ ၊ ရယ်​စရာပါလား "

ငါ အသံက ​သေချာ​ပေါက်​ ဘုဆက်​ဆက်​ဖြစ်​​နေတယ်​ ။ ဒါ​ပေမဲ့ သူတို့ကပိုရယ်​ကြတယ်​ ။

" ရယ်​စရာရှိမှ ရယ်​ရမှာလား ? ​အာရမ်​ "

ငါ​နားမလည်​ဘူး ။ ​ငါ့​မေးခွန်းအတွက်​ အ​ဖြေဖြစ်​​ပေမဲ့ ဒီနာမည်​ကငါမှမဟုတ်​တာ ။

" ဒီ​နေ့ကစပြီး ငါတို့မင်းကို အာရမ်​လို့​ခေါ်မယ်​ "

'အာရမ်´ ဆိုတာ ငါ ။

ငါက 'အာရမ်​´ ။

ဘယ်​သူ​တွေ ဒီနာမည်​ကို​ ဘယ်​နှစ်​​ခေါက်​​ခေါ်ကြမလဲ ငါ မသိဘူး ။ ဒီနာမည်​ရတဲ့​နေ့က ဦးကြီး​တွေက ကြက်​သားဟင်း​ကောင်း​ကောင်း ချက်​​ကျွေးတာ​တော့သိတယ်​ ။ ဒါ့​ကြောင့်​ 'အာရမ်​´ ဆိုတဲ့နာမည်​မှာ ဟင်းခတ်​အ​မွှေးအကြိုင်​နံ့​လေး သင်း​နေတယ်​ ။

Heaven Or Hell [Hiatus]Where stories live. Discover now