(7)

9.7K 619 59
                                    

Before

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Before ..... ။

ငါတို့ရဲ့လူမှုအဖွဲ့စည်းစနစ်​ကြီးဟာ မျက်​နှာသာ​ပေးတဲ့​နေရာမှာ အလျင်​မမှီတဲ့အတွက်​ ရုပ်​ဝါဒဆန်​ခြင်းကိုလည်း စာရိတ္တ​ကောင်းခြင်းက ပြည့်​ဖုံးကာချနိုင်​စွမ်းရှိ​အောင်​ မလုံ​လောက်​ဘူး​ ။

စိတ်​ထားလှရင်​ ရုပ်​လှတယ်​ဆိုတဲ့ တိုက်​ရိုက်​အချိုးကျ ​ဖော်​မြူလာလိုဘာလို အယူမျိုး​ကို ငါ့ရဲ့ အလှ​လေး​ဟာ ယုံတတ်​လားလို့ ကြံကြံဖန်​ဖန်​​တွေးဖူးတယ်​ ။

" ရှန်းက ဘာလို့ဒီဘဲကြီးကိုမှ တမ်းတမ်းစွဲဖြစ်​​နေတာလဲ စဉ်းစားလို့ကိုမရဘူး "

မျက်​​စောင်းထိုးဝိုင်းမှာထိုင်​​နေတဲ့ အုပ်​စုရဲ့အသံဟာစူးခနဲ ငါ့နားထဲတိုးဝင်​လာတယ်​ ။ ​မွေးရာပါ ချမ်းသာမှုနဲ့ လူငယ်​တစ်​သိုက်​ဟာလဲ ​လောက်​ငှတယ်​လို့ မရှိပါလား ။ ​အော်​ ... သူတို့လဲလူ​တွေပဲ ။

" ​အေးကွာ .... ဟိုဘဲကြီး ​နောက်​မင်းသမီးတစ်​​ဗွေနဲ့ ​ချ​နေတဲ့ဟာကိုပြတာ​တောင်​ ရှန်းက​ငါ့ကို ငြင်းတုန်းပဲ "

" ရှန်းလိုလူမျိုးရထားတာ​တောင်​ .... ! "

" ဒီ​လောက်​ ရှန်း စွဲလမ်း​နေတာ ဘဲကြီးက ကုတင်​​ပေါ်မှာ ​ပညာမ​သေးတဲ့ပုံပဲ "

" စွဲမဲ့စွဲ ဟိုဘဲကြီးက စွဲရမှာ .... ဒီတိုင်း​တောင်​ လှ​နေတဲ့ ရှန်းက အိပ်​ယာထဲမှာ ဘယ်​​လောက်​ စွဲမက်​စရာ​ကောင်းလိုက်​မလဲ "

" ​စောက်​ကျိုးနဲ လူကြားထဲမ​ပြောစမ်းနဲ့ ... ထန်​လာပြီ "

နားနဲ့မဆန့်​​အောင်​ဝင်​လာတဲ့ ​ကောင်​​လေး​တွေရဲ့ စကား​အရင်းမြစ်ဟာ အလှ​လေးအ​ကြောင်းပါလား ။ သူတို့ ပြစ်​မှားတာ သဘာဝကျပါတယ်​ ။ ငါ​တော့ စိတ်​ကူးနဲ့ပြစ်​မှားတာရပ်​ပြီး လက်​​တွေ့ကျကျ ပြစ်​မှား​တော့မယ်​ ။

Heaven Or Hell [Hiatus]Where stories live. Discover now