(3)

17.5K 873 127
                                    

Before ..... ။

" ကားမှန်​ချလို့ရလား ? "

မျက်​နှာသစ်​ဦးကြီးက စိတ်​မပါသလို ​ခေါင်းငြိမ့်​ပြတယ်​ ။ တ,ထစ်​ချင်းနှိမ့်​ကျသွားတာ ကားမှန်​မဟုတ်​ဘဲ ငါ့ရင်​ထဲကအစိုင်​ခဲတုံးကြီး ဖြစ်​​စေချင်​တယ်​ ။ လယ်​ကွင်းပြင်​​တွေကလွဲပြီး မြင်​ကွင်းက​ပြောင်​တလင်းခါ​အောင်​ရှင်း​နေတယ်​ ။ အ​ရှေ့ကြည့်​ရင်​ ​ကောင်းကင်​​ပေါ်​ထောင်​တက်​​နေတယ်​လို့ထင်​ရတဲ့ ​လမ်းမ​ဖြောင့်​​ဖြောင့်​ကြီးရှိတယ်​ ။ တကယ်​​တော့ လမ်းက ​ထောင်​တက်​​နေတာမဟုတ်​ဘူးဆိုတာ သုံး,​လေး ရက်​​လောက်​ကြာ​မှ ငါသိတယ်​ ။ ငါ့မျက်လုံးကို​တောင်​ မယုံချင်​သလိုလိုဖြစ်​သွားတယ်​ ။ ဒါ​ပေမဲ့လည်း ငါ့မျက်​လုံး​တွေကို သ​ဘောကျတဲ့အတွက်​ သူလဲတခါတ​လေအမှားလုပ်​နိုင်​တယ်​ဆိုပြီး ငါဒီကိစ္စကို​မေ့ထားလိုက်​တယ်​ ။ ​​နောက်​ကိုလှည့်​ကြည့်​ရင်​​တော့ မဆိုသ​လောက်​မူးသလိုခံစားရတယ်​ ။ ​​နောက်​ဆုံးအ​နေနဲ့ ဘယ်​ဘက်​ယိမ်းလိုက်​ ညာဘက်​ယိမ်းလိုက်​ ဂဏှာမငြိမ်​တဲ့စပါးနှံ​တွေပဲ အာရုံထားလိုက်​တယ်​ ။ သူတို့ကြားထဲက​ ​နေထွက်​တယ်​ .... ​နေဝင်​တယ်​ ။ လထွက်​တယ်​ .... လဝင်​တယ်​ ။

ငါ ဒီကားကြီး​ပေါ်တရွတ်​ဆွဲပါလာတာ ရက်​​တော်​​တော်​ကြာ​ပေမဲ့ ဘယ်​ကိုသွား​နေတာလဲဆိုတာမျိုး ​မ​မေးမိဘူး ။ သူ​ပြောလဲ ငါသိမှာမဟုတ်​သလို သူက ငါ့​မေးခွန်းကိုအ​လေးထား ​ဖြေမယ့်​ပုံလဲ မ​ပေါ်ဘူး ။ ငါ​ အ​ပေါ့​တော်​​တော်​သွားချင်​တဲ့​တ​နေ့မှာ သူ့ကို "ကား​မောင်းတဲ့ဦးကြီး​ရေ" လို့​ခေါ်လိုက်​​တော့ ဟစ်​ခနဲရယ်​တယ်​ ။ ​နောက်​ဆိုရင်​ အ​ပေါ့သွားသွား, အ​လေးသွားသွား, သူသွားတဲ့အချိန်​မှာပဲ တခါထဲကိစ္စရှင်းဖို့​ပြောတယ်​ ။ သူ ကားရပ်​ချိန်​အပိုမရှိချင်​ဘူးလဲ ​ပါ​သေးတယ်​ ။ အဲအချိန်​ သူ​ပြောတာ​တွေ ငါ့​ခေါင်းထဲမ​ရောက်​တဲ့အ​ကြောင်းအရင်းက​တော့ ငါ့အ​ပေါ့သွားတဲ့အရာ​ပေါ်မှာ အ​မွှေး​တွေ​ဘာလို့​ပေါက်​လာလဲ စဉ်းစား​နေမိလို့​လေ ။

အားလုံးဟာတ​ရေထဲကို​သောက်​ကြတယ်​ ။ နွား​​တွေက နို့ထုတ်​ရင်းအချိန်​ကုန်​သလို ​မြွေ​တွေဟာလည်းအဆိပ်​ထုတ်​ရင်း အချိန်​ကုန်​တယ်​ ။

Heaven Or Hell [Hiatus]Where stories live. Discover now