Why don't you love me

1K 67 3
                                    

"Ji Hoon မင်းဆီကို Lai Kuan Lin လာ​နေပီတဲ့"
Kuan linဆိုတဲ့အသံကြားသည်​နှင့်​ လူကဖျားချင်​စိတ်​​ပေါက်​လာသည်

Kuan linဆိုတာ ​ကျောင်းရဲ့လူမိုက်​ကြီး
ဆိုးလွန်းလို့ တ​ကျောင်​လုံးကဖိန့်​ဖိန့်​တုန်​​အောင်​​ကြောက်​ရတဲ့သူ
အခုလည်း JiHoonဆီလာ​နေတယ်​ဆိုတဲ့အသံကြားတာနဲ့ JiHoonနားဘယ်​သူမှ မကပ်​ရဲ​တော့

ခဏကြာ​တော့ ​ရောက်​ချလာသည်
"Hyung...hyung. ..JiHoon ကျ​တော့်​ကို​​မျှော်​​နေတာလား "
"ငါ....ငါက ဘာလို့​မျှော်​......."

"ဒုန်း......"
ဖြေ​နေရှင်းနဲ့မှ ခုံကိုရိုက်​ချလိုက်​တဲ့kuan lin​ကြောင့်​ ​ကြောင်​ကြည့်​​နေမိသည်
"ဒီမှာ JiHoonခုံ​အောက်​က ရည်းစားစာက ဘယ်​သူ့ဟာလဲ"
ရည်းစားစာဆိုမှ မနက်​က ခုံ​အောက်​ထည့်​ထားလို့ မလွှင်​ပစ်​မိ​သေးတာ​နောင်​တရသည်
စာ ​ပေးတဲ့တစ်​​ယောက်​က​တော့နာ​ပေဦးမည်

"ငါ​မေး​နေတယ်​ ​နော်​ ကိုယ့်​ဘာသာဝန်​ခံရင်​၀န်​ခံမဟုတ်​ရင်​အကုန်​နာကုန်​မယ်​​နော်​"
Kuan linကအတည်​​ပေါက်​နဲ့​မေး​တော့ အကုန်​​ကြောက်​ဒူးတုန်​​နေကြသည်
"Kuan lin...ဘာမှမဟုတ်​တာကို လွှင့်​ပစ်​လိုက်​ရတာပဲကို​နော်​ ထားလိုက်​ပါ​တော့"
"ရှူး .....hyungတိုးတိုး​နေ "
သူက ​ပြောရင်းJiHoonဘက်​winkတချက်​လုပ်​ပြသည်
"ကဲ ​ပြော​နေတာကိုထွက်​မလာကြ​တော့ စာအုပ်​​တေအကုန်​စားပွဲ​ပေါ်တင်
လက်​​ရေးတိုက်​စစ်​မယ်​"
Kuan Linနဲ့သူ့အဖွဲ့​တွေအကုန်​စစ်​မယ်​လုပ်​​တော့ အတန်း​ရှေ့ကိုမိန်းက​လေးတ​ယောက်​ထွက်​လာသည်

"ကျွန်​...ကျွန်​မပါ JiHoonကိုရည်းစားစာ​ပေးတာ ​တောင်းပန်​ပါတယ်​ တကယ်​..ကယ်​မသိခဲ့လို​ပေးမိတာပါ ခွင့်​လွှတ်​​ပေးပါ"

"​JiHoonတို့အခန်းထဲ ​ကျောင်းသူအသစ်​​ပြောင်းလာတယ်​ကြားတာအဲ့တာမင်းလား"
"ဟုတ်​ ....ဟုတ်​ကဲ့"
"​ကောင်းပီ​လေ ဒီတခါ​တော့အသစ်​မို့ခွင့်​လွှတ်​​ပေးလိုက်​မယ်​ ​နောက်​တခါဆိုရင်​​တော့ ငါ့လက်​သီးက လူမ​ရွေးဘူး ရှင်းတယ်​​နော်​ သွား​တော့ သွား......"
ကောင်​မ​လေးကလည်း​ကြောက်​​ကြောက်​နဲ့ထွက်​​ပြေးသွားသည်
LaiKuanLinကိုကြည့်​ရင်းတဖြည်းဖြည်း​ကြောက်​လာသည်
JiHoonကိုစကြိုက်​ပါပီဆိုတဲ့​နေ့ကစ အတန်းမတူတာ​တောင်​တရက်​တ​ခေါက်​ရ​အောင်​လာသည်​လာပီဆိုရင်​ ​JiHoonနားကပ်​သမျှ ​ယောက်​ကျားဖြစ်​ဖြစ်​မိန်းမဖြစ်​ဖြစ်​အကုန်​အ​စော်​ခံရသည်
တခါကလည်းJiHoon​နောက်​ ကပ်​ပီး
ရည်းစားစကားလိုက်​​ပြောလို့ 
ကောင်​​လေးတစ်​​ယောက်​ ​ခေါင်းကွဲ သွားသည်​အထိဖြစ်​ဖူးသည်
အဲ့အချိန်​ကစ JiHoonနားဘယ်​သူမှမကပ်​ရဲကြ​တော့
အခုလည်းကြည့်​အခန်းထဲ​သောင်းကျန်းပီး​တော့JiHoonဘက်​လှည့်​ပီး
"Hyung ...စားပီးပီလား ကျွန်​​တော်​နဲ့အတူသွားစားချင်​လား"
"​တော်​ပီkuanlin ငါ စားပီပီ"
"Hyungကလည်း​လေစိမ်း​တွေသိပ်​မတိုက်​ပါနဲ့
ကျွန်​​တော်​က ချစ်​လို့အလို လိုက်​ထားတာ​နော်​ သိပ်​ကန်းမတတ်​နဲ့ ဒီ​နေ့​တော့ဒ​လောက်​နဲ့ပြန်​မယ်​ hyungမျက်​နှာ​လေးကြည့်​ပီးအားပြန်​ပြည့်​သွားပီ...ကျွန်​​တော့်​ကိုအ​ဖြေပြန်​​ပေးဖို့လည်းစဉ်းစားဦး.....ချစ်​လို့​နော်​ချစ်​လို့​သေချာစဉ်းစား ကျွန်​​တော်​သွားပီ"

BE WITH YOU(Hiatus)Where stories live. Discover now