Chapter-5

430 49 16
                                    


ကုမ္ပဏီထဲ​ရောက်​​တော့ ၀န်​ထမ်း​ကောင်​မ​လေး​တွေကို သူက အတွင်းရေးမှူးအသစ်​ဆိုတာကို​ပြောပြီး သူ​ဌေးရုံးခန်းကိုလိုက်​ပို့ခိုင်းရသည်
သူ​ဌေးနဲ့ ပထမဆုံး​တွေ့ရမှာဆို​တော့နည်းနည်း​တော့​ကြောက်​မိသား
ပထမဆုံး​နေ့မှာတင်​အလုပ်​​တော့မဖြုတ်​​လောက်​ပါဘူး​လေ လို့​တွေးပီးသာ
ဝန်​ထမ်း​ကောင်​မ​လေး​ခေါ်ရာ​နောက်​ရင်​တထိတ်​ထိတ်​နဲ့လိုက်​သွားရသည်
အ​ပေါ်ဆုံးထပ်​​ရောက်​​တော့
"သူ​ဌေးအခန်းကဒီအခန်းပဲ ၀င်​သွားလိုက်​​တော့​နော်​"
"Hote​ကျေးဇူးပါ"
ဝန်​ထမ်း​ကောင်​မ​လေးထွက်​သွား​တော့ အသက်​ကို​ဖြေး​ဖြေးမှန်​မှန်​ရှူပီး တံခါးကို ​ခေါက်​လိုက်​ပြီး ၀င်​လာခဲ့သည်
အထဲ​ရောက်​​တော့
ကုတ်​အဖြူကိုဝတ်​ထားပီး အရပ်​ကမိုးထိုး​နေတဲ့လူတ​ယောက်​​ကျော​ပေးထားသည်
နောက်​​ကျောကို ကြည့်​ပီး ​တောင်​လူကရှိန်​ချင်​လာသည်
အသက်​ကလည်း ကြီးမဲ့ပုံမ​ပေါ် ရွယ်​တူ​လောက်​ပဲဖြစ်​မှာမို့ အသက်​ငယ်​ငယ်​နဲ့ဒီလိုအလှကုန်​ ကုမ္ပဏီ မျိုး
ထောင်​ထားနိုင်​တာ ​တော့ ရှိန်​မိသည်
စဉ်းစားခန်းကိုဖြတ်​​ချောင်းတချက်​ဟန့်​ပီး
"အဟင်း...အဟင်း...ကျ​တော်​ အသစ်​​ရောက်​လာတဲ့အတွင်း​ရေးမှူးPark Ji Hoonပါ "
Jihoonအသံကြားတော့ ​ကျော​ပေးထားတဲ့သူက လှည့်​လာသည်
သူ​ဌေးဆိုတဲ့သူရဲ့မျက်​နှာကိုမြင်​​တော့
"ဟင်​....မင်း...မင်း....Lai Kuan Lin"
Jihoonရဲ့ အံ့သြ​နေတဲ့အမူအရာကိုမြင်​ပီး
Kuan linကသ​ဘောကျစွာရယ်​ပီး
"Bravo...ကျ​တော့်​ကိုမှတ်​မိသားပဲPark Ji Hoon"
မ​တွေ့ရတဲ့အချိန်​အတွင်း ​မမှတ်​မိနိုင်​​အောင်​​ချောလာတဲ့kuan linကိုမြင်​ပီးနှလုံးခုန်​မြန်​​နေတာကထိန်းမရ...
"ငါ့ကိုချက်​ချင်းအလုပ်​ခန့်​လို့ဆိုပီးအံ့သြ​နေတာ လက်​စသတ်​​တော့ သူ​ဌေးကမင်းဖြစ်​​နေတာကိုး ....မင်း လက်​​အောက်​မှာအလုပ်​လုပ်​ရမှာဆိုငါမလုပ်​နိုင်​ဘူး kuan lin"
Jihoonစကားကိုkuan linနှုတ်​ခမ်း​လေးက ပြုံးတယ်​ဆိုရုံ​လေးတွန့်​​ကွေးသွားပီး
"ဘာလဲ ကျွန်​​တော်​က ခင်​ဗျားအ​ပေါ်ခံစားချက်​​တွေရှိ​သေးလို့ အခုလို အလုပ်​ခန့်​လိုက်​တာလို့ ထင်​​နေတာလား ....ဒါမှမဟုတ်​ ခင်​ဗျားကပဲကျ​တော့်​အ​ပေါ်ခံစားချက်​​တွေရှိ​နေလို့မလုပ်​နိုင်​တာလား"
Kuanlinစကားကြား​တော့jihoonပါးနှစ်​လုံးစ​တော်ဘယ်​ရီ​ရောင်​​ပြောင်းသွားသည်
"ငါက မင်းအ​ပေါ်ဘာလို့ခံစားချက်​ရှိရမှာလဲရူး​နေလား"
"ဒါဆိုလည်း ကျ​တော့်​အတွင်း​ရေးမှူးလုပ်​​လေ
ကျ​တော်​ ခင်​ဗျားကိုခန့်​တာလည်း အရင်​တုန်းကသိခဲ့တယ်​ဆိုတဲ့စိတ်​နဲ့ခန့်​လိုက်​တာ သိခဲ့ဖူးတဲ့သူ​တွေဆို​တော့စိတ်​ချရတာ​ပေါ့မဟုတ်​ဘူးလား"
"​ကောင်းပီ​လေ ဒါဆိုလည်းငါကမင်းအ​ပေါ်​နည်းနည်း​လေး​တောင်​ခံစားချက်​မရှိဘူးဆိုတာ ပြလို့ရတာ​ပေါ့"
Jihoonစကားကြားပီး kuanlinမျက်​နှာ​ဒေါသရိပ်​တို့လွှမ်းလာသည်
"박비서 (အတွင်း​ရေးမှူး Park)....ဟိုနားကစားပွဲက ခင်​ဗျားထိုင်​ရမဲ့​နေရာပဲ အဲ့​ပေါ်မှာ ခင်​ဗျား​လုပ်​ရမဲ့ဟာ​တွေအကုန်​ရှိတယ်​ ဒီ​နေ့ကပထမဆုံး​နေ့ဆို​တော့ ​ဘာလုပ်​ရမယ်​ဆိုတာ​လေ့လာဦး​ပေါ့
ဒီ​နေ့ကျွန်​​တော်​တို့ ထုတ်​ကုန်​အသစ်​ ထုတ်​ဖို့​​ဆွေး​နွေးစရာရှိလို့ စက်​ရုံဘက်​ ခဏသွားရမယ်​ ခင်​ဗျားက ဒီမှာ လုပ်​ရမဲ့အလုပ်​​တွေကြည့်​ထား​ပေး ​နောက်​ထပ်​အ​ရေးကြီးတာက ကျွန်​​တော်​ပြန်​လာမှရုံးဆင်းရမယ်​ ဟုတ်​ပီလား"
Kuanlinက​ပြောစရာရှိတာကို တရစပ်​​ပြောပြီး အခန်းထဲကထွက်​လာသည်

BE WITH YOU(Hiatus)Tahanan ng mga kuwento. Tumuklas ngayon