Our fighting relationship 9

3.2K 268 41
                                    

ညက ပန်းသီးအရသာ​လေး မြည်းမိတဲ့​နောက်​ဆက်​တွဲက​တော့ park chanyeol ရဲ့ က​လေး​ပေါက်​စတစ်​​ယောက်​ မနက်​၁၀နာရီ​ကျော်​ထိ အခန်းထဲက ထွက်​မလာခြင်းပင်​။

ဒေါက်​ ​ဒေါက်​ ​ဒေါက်​...
*က​လေး​ရေ ပူတူး​လေး ကိုကိုဝင်​လာမယ်​​နော်​*
Chanyeol အတတ်​နိုင်​ဆုံး အသံကိုနှိမ့်​​ပြောလိုက်​တယ်​။ ပူတူး​လေးလို့​ခေါ်လိုက်​သည့်​ ကိုယ့်​ကိုယ်​ကိုလဲ သ​ဘောကျကာ ပြုံးလိုက်​​သေးသည်​။ တယ်​​တော်​တဲ့ ငါပါလား။ ဘယ်​လိုပဲဖြစ်​ဖြစ်​ ကိုယ်​က ချစ်​​နေတာ​သေချာပြီဆို​တော့လဲ ကိုယ်​ကပဲလိုက်​ကပ်​ရ​တော့မှာပဲ​လေ။

*baby​လေး အာပူကြူး​လေး အာ​ပေတူး​လေး ပင်​ဂွင်း​ပေါက်​​လေး ပြူးလုံး​လေး*
နမည်​​ပေါင်းစုံရွတ်​ပြီး ဝင်​လာတဲ့chanyeolကို ကြိုဆိုပုံက အိပ်​ယာ​ပေါ်မှာ သွားရည်​​တွေကျကာ အိပ်​​ပျော်​​နေတဲ့ kyungsoo.

*​ပေပီရယ်​ ထ​တော့ ​အကြာကြီးအိပ်​ရင်​ ​ခေါင်းထဲ​သွေး​ရောက်​ပြီး မအီမသာ​တွေဖြစ်​လိမ့်​မယ်​။ ​ထ​တော့။*
babyကို​တောင်​ မပီ​တော့​အောင်​ ​ပေပီ ဟု​ခေါ်ရင်း အိပ်​​နေ​သော kyungsooကို chanyeolလှုပ်​နှိုးလိုက်​သည်​။

*အင်း ထပြီ ထပြီ*
အိပ်​မှုံစုံဝါးနဲ့ kyungsooထလာ​တော့ chanyeolက kyungsooနှဖူး​လေးကို ဖျတ်​ခနဲ လှမ်းကာနမ်းလိုက်​သည်​။

*​ဟေ့လူ ခင်​ဗျား ဘာလုပ်​တာလဲ*
ခုနကမျက်​လုံးမပွင့်​တဲ့ kyungsooက အခု​တော့ မျက်​လုံးကြီးပြူးကာ ​အော်​ပြီ​လေ။

*Morning Kiss ​လေ ပိစိ​လေးရဲ့*
Chanyeolရဲ့ အ​ဖြေစကားကြား ကြက်​သီး​တွေက ဖြန်းခနဲ။ မ​နေ့ထဲက ဒီလူကြီး စိတ်​​ဖောက်​ပြန်​သွားတာ အခုထိ မပြီး​သေးဘူးလား။ morning kissလာလုပ်​​နေတယ်
ပြန်​ kickလိုက်​လို့။

*ဖယ်​​တော့ဗျာ ​ရေချိုး​တော့မယ်​ အရူးကြီး*
Kyungsoo ​အော်​ဟစ်​ပြီး chanyeolကို တွန်းဖယ်​ကာ ​ရေချိုးခန်းထဲသို့​ပြေးဝင်​သွား​တော့သည်​။ စိတ်​ထိန်းစမ်း do kyungsoo။ မင်းကလဲငြိမ်​ငြိမ်​​နေ။ ရင်​ဘတ်​ကိုလဲ လက်​နဲ့ရိုက်​ကာ ​အော်​လိုက်​​သေးသည်​။ ဒီစာ​ခြောက်​ရုပ်​အရူးကြီးနဲ့​တော့ ကြာရင်​ငါပါရူးသွားနိုင်​တယ်​။

Our fighting relationship (Complete)Where stories live. Discover now