Our fighting relationship 20

2.8K 225 59
                                    

ဂျယ်​ဂျူ ကပြန်​လာပြီး​နောက်​ပိုင်းမှာ သူတို့နှစ်​​ယောက်​ရဲ့ဆက်​ဆံ​ရေးက ဘာအဖုအထစ်​မှမရှိ အဆင်​​ပြေလာသည်​။

Chanyeolက အိမ်​​ထောင်​ဦးစီးဆို​တော့ အလုပ်​ရှိမှဖြစ်​​တော့မည်​။ အရင်​က မိဘ​ပေးသမျှသုံး​နေ​ပေမယ့်​ အခု​တော့မသုံးချင်​​တော့ပါ။ အ​ဖေဖြစ်​သူ Mr.Park၏ Companyမှာဘဲ အလုပ်​​တွေသင်​ယူရန်​ဆုံးဖြတ်​လိုက်​သည်​။

Kyungsooကလဲ တက္ကသိုလ်​မတက်​ဟု​ပြောပြီးမှ ယခု တက္ကသိုလ်​တက်​ ဘွဲ့ယူပြီး Chanyeolကိုကူညီ​ပေးမည်​။ အနာဂတ်​အတွက်​အစီအစဉ်​​တွေများစွာနှင့်​​ပေါ့...

❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤◦.¸¸. ◦✿❤

Kyungsooနိုးလာ​တော့ ​ဘေးနား​နေရာက လစ်​လပ်​​နေသည်​။

*ကိုကို...ကိုကို​ရေ...ကိုကို...*
အိပ်​ယာထဲကမထွက်​ဘဲ ​စောင်​နှင့်​လုံး​ထွေးပြီးထိုင်​​နေကာ chanyeolကို​အော်​​ခေါ်​နေ​သော်​လည်း....ဘာသံမှမကြားရ။

နောက်​​တော့မှ ညက chanyeol​ပြောထားတာ​တွေသတိရသည်​။ ဒီ​နေ့ကစပြီး papa Parkဆီကို အလုပ်​သွားသင်​မယ်​လို့​ပြောထားတာ....

*အဟင့်​....လွမ်းတယ်​ 😢*
ငိုမဲ့မဲ့နဲ့ပဲ....အိပ်​ယာ​တွေသိမ်းပြီး...​ရေမိုးချိုးလိုက်​ရ​တော့သည်​။
မနက်စာစားရန် ​​မီးဖို​ခန်းသိုလှမ်းဝင်​လိုက်​​တော့​ရေခဲ​သေတ္တာ​ပေါ်မှာစာရွက်​​ခေါက်​က​လေးကိုကပ်​ထားတာ​တွေ့လိုက်​တယ်​။ kyungsooဖြုတ်​ကြည့်​လိုက်​​တော့
*က​လေး​ရေ ကိုကိုမင်းရဲ့​ယောက်ျား​ကောင်းတစ်​​ယောက်​ဖြစ်​ဖို့အတွက်​daddy company မှာအလုပ်​ဆင်း​နေပြီ။ အိပ်​​ရေးပျက်​မှာစိုးလို့မနှိုး​တော့တာ။က​လေးစားဖို့ထမင်းလဲချက်​​ပေးခဲ့တယ်​။ ဟင်းလဲချက်​​ပေးခဲ့တယ်​။ အပြင်​လဲတ​ယောက်​ထဲမသွားနဲ့​နော်​။ ကိုယ်​ပြန်​လာမှလိုက်​ပို့​ပေးမယ်​။ ထမင်းစားပြီးလို့​ခွေကြည့်​ချင်​ရင်​လဲကြည့်​ မကြည့်​လိုစာဖတ်​ချင်​ရင်​လဲ ကိုယ့်​အခန်းထဲမှာသွားယူဖတ်​။ အိမ်​တံခါးကိုလဲ​သော့ခပ်​ထား။ ဘယ်​သူလာလာမဖွင့်​​ပေးနဲ့။ ကော်​ဖီ​သောက်​ချင်​လို့​ဖျော်​ရင်​လဲသတိထား​ ရေ​နွေးပူ​လောင်​မယ်​။ ဖန်​ခွက်​ကိုလဲ​သေချာကိုင်​ကျကွဲရင်​က​လေးဆူးမိ​နေမယ်​။ရေလဲအကြာကြီးမချိုးနဲ့။ စိတ်​ပူတယ်​က​လေးရယ်​။ အလုပ်​ကြိုးစား
ရမှာမို့လို့သာသွားရတာက​လေးကိုစိတ်​မချဘူး။ဒါနဲ့စကားမဆက်​ က​လေးအိပ်​​နေတုန်းက​လေးရဲ့ပါး​လေးကိုခိုးနမ်းသွားတယ်​သိလား💋။
                             က​လေးရဲ့ ကိုကို​ယောက်ျား

Our fighting relationship (Complete)Where stories live. Discover now