Our Fighting Relationship - 19

3K 230 43
                                    

မနက်​ခင်းရဲ့​နေ​ရောင်​နုနုက မျက်​နှာ​ပေါ်ကိုထိုးကျလာသည့်​အချိန်​မှ chanyeolအိပ်​ယာမှနိုးလာသည်​။ ရင်​ဘတ်​ထဲက ဂွမ်းလုံး​လေးက​တော့ အိပ်​​မောကျ​နေဆဲ ပါးစပ်​​လေးပင်​ဟလို့....

ဂွမ်းလုံး​လေးလို့တင်​စားရခြင်းက​တော့...တကယ်​ကိုပဲ တစ်​ကိုယ်​လုံးကဖြူ​ဖွေးပြီး....ဘယ်​​နေရာထိထိနူးညံ့အိစက်​​နေတာဖြစ်​​သော​ကြောင့်​ပင်​....

အိပ်​​မောကျ​နေမှာ​ပေါ့...ညကမူးမူးနဲ့ ဒီက​လေးသူ့ကိုလက်​​ဆောင်​​ပေးခဲ့သည်​​လေ....နိုးလာရင်​ပြဿနာအရှာခံရမလား​တော့မသိ.... အမူးသမား​လေးကိုအခွင့်​​ကောင်းယူမိသလိုဖြစ်​သွားတယ်​မလား....

ရင်​ခွင်​ထဲက က​လေးကို မျက်​နှာအနှံ့အနမ်း​သေး​သေး​လေး​တွေ​ပေးပြီး အိပ်​ယာထကာ ​ရေချိုးလိုက်​သည်​။ ​သူ​ရေချိုးခန်းထဲကထွက်​လာ​တော့ ဂွမ်းလုံး​ဘေးက ​စောင်​အဖြူထဲမှာ ​ခေါင်း​တောင်​မ​ဖော်​​တော့ဘူး....

နိုးလာပြီး​တော့...ရှက်​​နေပုံရတယ်​....chanyeol ကုတင်​နားကိုအသံတိတ်​သွားပြီး ​စောင်​နဲ့လုံး​နေတဲ့က​လေး​လေးကို မချီလိုက်​​တော့ အလန့်​တကြားနဲ့ ​စောင်​လုံးထဲက​နေ​ခေါင်း​လေးပြူထွက်​လာတယ်​။

kyungsooကိုကြည့်​ရတာ ပင်​လယ်​ကမ်းစပ်​က ဝင်​ကစွတ်​​ကောင်​​လေးနဲ့တူ​နေတယ်​....သူ့အခွံကို​ကိုင်​လိုက်​လို့​ခေါင်း​လေးထွက်​လာသလိုမျိုး....

*အာ...ကိုကို...​အောက်​ချ​ပေး*
သူ့ကိုချီထားတဲ့chanyeolကိုမြင်​​တော့ ပန်း​ရောင်​​ပြေး​နေတဲ့မျက်​နှာ​လေးနဲ့ အတင်း​အောက်​ချခိုင်းတယ်​။

*အင်းပါ....​ရေသွားချိုးက​လေး​လေး....​ရေ​နွေးစပ်​​ပေးထားတယ်​*
စောင်​နဲ့လုံး​နေတဲ့က​လေးကို ​အောက်​ချ​ပေးလိုက်​ပြီး နဖူး​လေးကိုခပ်​ဖွဖွအနမ်း​ခြွေကာ ​ပြောလိုက်​သည်​။

*ကိုကို...ဟိုဘက်​လှည့်​*
kyungsooက ​စောင်​လုံးထဲက​နေမထွက်​ဘဲနဲ့ chanyeolကိုလှမ်း​ပြောသည်​။

*ဘာလို့လဲက​လေးရဲ့*

*အာ...ကိုကိုကလဲ....က​လေး​လေးက ဘာမှဝတ်​မထားဘူး​လေ....အဲဒါ​ကြောင့်​ဟိုဘက်​လှည့်​လို့*

Our fighting relationship (Complete)Where stories live. Discover now